အခြားမျိုးစိတ်တွေနဲ့ မတူတာသေချာရင် ကွီးတမော့ ပင့်ကူလို့ နာမည်ပေးမှာပါ။

ကမ္ဘာ့ရှားပါး ပင့်ကူမျိုးစိတ်တစ်ခုကို ကယားပြည်နယ် ကွီးတမော့တောင်ကြောအတွင်းမှာ တွေ့ရှိခဲ့ရပြီး ကွီးတမော့ပင့်ကူလို့ နာမည်ပေးသွားမယ်လို့ သိရပါတယ်။

46790433_309390233241412_5836212543483281408_o.jpg

Photo -ကယန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်အဖွဲ့





နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ စင်ကာပူနဲ့ မြန်မာက ဇီ၀ ပညာရှင်တွေရဲ့လေ့လာရေးခရီးစဉ်အတွင်းမှာ အဲ့ဒီပင့်ကူအမျိုးအစားကိုတွေ့ခဲ့ရတာဖြစ်ပြီး ကမ္ဘာမှာရှားပါးပင့်ကူမျိုးစိတ်လို့သတ်မှတ်ထားတဲ့

Trapdoor လို့ခေါ်တဲ့ ပင့်ကူ မျိုးစိတ်တမျိုးဖြစ်ပါတယ်။



အဲ့ဒီပင့်ကူမျိုးစိတ်အသစ်နမူနာကိုစင်္ကာပူနိုင်ငံကိုယူဆောင်သွားပြီးဒီအန်အေ မျိုးစိတ်ကို အသေးစိတ် ခွဲခြားစမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်လို့ ကယန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်အဖွဲ့က ထုတ်ပြန်ပါတယ်။

 





အခြားဒေသမှာတွေ့ရတဲ့Trapdoor Spider Species များနဲ့မတူကွဲပြားတဲ့မျိုးစိတ်ဖြစ်ခဲ့ရင်ကယန်းဒေသအတွင်း စတင်တွေ့ရှိရာ နေရာဖြစ်တဲ့ကွီတမော့တောင်ရဲ့အမည်ကို အစွဲပြုပြီးကွီတမော့ပင့်ကူ (Kwe Tamot spider) လို့အမည်သစ်ပေးပြီးမှတ်တမ်းတင်မှာဖြစ်တယ်လို့လေ့လာရေးအဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr.Li Daiqin ရဲပြောဆိုချက်ကို ပြန်လည်ဖော်ပြထားပါတယ်။ ဒါ့အပြင်ပဏာမစူးစမ်းလေ့လာရေးအဖွဲ့ဟာ ကယန်းဒေသထဲမှာအခြားပင့်ကူမျိုးစိတ်တွေကိုလည်းမှတ်တမ်းတင်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က