သူမေးထားတာလေး ဖြေနိုင်ကြရဲ့လား။

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းတစ်ယောက် ပရိသတ်တွေကို ခေါင်းစားအောင် လုပ်လိုက်ပါပြီ။ ဒီနေ့(နိုဝင်ဘာ၂၇ရက်)မနက်ပိုင်းမှာ ဖွေးဖွေးနဲ့အတူတူ ရိုုက်ထားတဲ့ ဓာတ်ပုံအဟောင်းလေး တစ်ပုံကို သူ့ရဲ့ ပေ့ချ်မှာတင်ပြီး ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တာပါ။



Photo : စိုင်းစိုင်း FB

 

ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းတစ်ယောက် ပရိသတ်တွေကို ခေါင်းစားအောင် လုပ်လိုက်ပါပြီ။ ဒီနေ့(နိုဝင်ဘာ၂၇ရက်)မနက်ပိုင်းမှာ ဖွေးဖွေးနဲ့အတူတူ ရိုုက်ထားတဲ့ ဓာတ်ပုံအဟောင်းလေး တစ်ပုံကို သူ့ရဲ့ ပေ့ချ်မှာတင်ပြီး ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တာပါ။

"ဒီပုံက စိုင်းစိုင်းနဲ့ဖွေးဖွေးရဲ့ ပထမဆုံးအတူတူရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ သင် စိုင်းစိုင်းနဲ့ဖွေးဖွေး ပရိသတ်ဆိုရင်ဒါက ဘယ်တုန်းကလဲ ဘာရိုက် ထားတာလဲ။ဘယ်မှာပါတာလဲ ဆိုတာ ဖြေပါ" ဆိုပြီး နိုဝင်ဘာ(၂၇) ရက်နေ့က စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။

Photo : စိုင်းစိုင်း FB

 

သူဘာလို့ အဲ့လိုမေးလဲဆိုတာကိုလည်း ဒီဇင်ဘာ(၁) ရက်နေ့ကျရင် ပြောပြမယ်လို့ ရေးထားပါသေးတယ်။ သူ့ရဲ့ ပရိသတ်တွေကို သူတင်ထားတဲ့ ဓာတ်ပုံကို ဖွေးဖွေးရဲ့ Fan တွေကိုလည်း ပြပေးဖို့အတွက် စကားပါးထားပါသေးတယ်။

စိုင်းစိုင်းနဲ့ ဖွေးဖွေးပုံကို ကြည့်ပြီး သူတို့နှစ်ယောက် ဘယ်မှာ သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်တွေ အကုန်လုံးက ဖြေဆိုနိုင်တာလည်း တွေ့ရပါတယ်။

Photo : စိုင်းစိုင်း FB

Show ပွဲအခွေ အမြန်ဆုံးဖြန့်ချိဖို့ ကြိုးစားနေတဲ့ စိုင်းစိုင်း  

စိုင်းစိုင်းတင်ထားတဲ့ ပုံလေးက Lလွန်းဝါ သီဆိုထားတဲ့ "မင်းပဲကိုယ်ချစ်တယ်" သီချင်းထဲက ပုံလေးဖြစ်ပါတယ်။စိုင်းစိုင်းတစ်ယောက် ပရိသတ်တွေကို ခေါင်းစားအောင်လုပ်ရင်းနဲ့ ဒီဇင်ဘာ(၁) ရက်နေ့အတွက် ဘာတွေလာဦးမလဲဆိုတာ ပရိသတ်တွေ ရင်ခုန်လို့နေပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်း FB

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က