etane တစ်မျိုးတည်းကသာ ၄၈ ရှိရမယ့်အစး ၄၆.၉ ရှိတယ်လို့ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

Denko အမှတ်တံဆိပ်နဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှုး ဆီကို တိုင်ကြားထားတဲ့ စာနဲ့ ပါတ်သတ်ပြီးတော့ ပြန်လည်ဖြေရှင်းချက်ကို နိုဝင်ဘာ ၂၇ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။



banner(Sint Kaing).jpg 

Posco Daewoo ထံကဝယ်ယူခဲ့ပြီးတော့ ပရီမီယံဒီဇယ်နဲ့ ရိုးရိုး ဒီဇယ်ကို စစ်ဆေးခဲ့ရာမှာတော့ ရိုးရိုးဒီဇယ် ကို စစ်ဆေးရာမှာ cetane အညွှန်းကိန်း ၄၈ ရှိရမယ်သတ်မှတ်ထားပေမယ့် စစ်ဆေးတဲ့အခါမှာ ၄၆.၉ သာရှိတယ်လို့ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဆီဆိိုင်အနေနဲ့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာတော့ အရည်အသွေးမီတာ၊မမီတာကို သတ်မှတ်တာမဟုတ်ဘဲနဲ့ ရုပ်ပိုင်းနဲ့ ဓါတ်ပိုင်းစစ်ဆေးမှုပေါင်း ၁၄ ခုဆောင်ရွက်ပြီးးမှသာ အရည်အသွေးကို စစ်တာဖြစ်တာကြောင့့် စစ်ဆေးတဲ့အခါမှာတော့ သိပ်သည်းဆက ဝ.၈၅ ရှိခြင်း၊ဆာလ်ဖာပါဝင်မှု ဝ.၀၄ ရှိခြင်း စတာတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမှု ၁၄ မျိုးအနက် ၁၃ မျိုးကိုက်ညီခဲ့ပြီး cetane တစ်မျိုးတည်းကသာ ၄၈ ရှိရမယ့်အစး ၄၆.၉ ရှိတယ်လို့ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို cetane အညွန်းကိန်းလျော့နည်းတာနဲ့ပါတ်သတ်ပြီးတော့ ရောင်းချတဲ့ကုမ္ပဏီ၊စစ်ဆေးတဲ့အဖွဲ့အစည်းတို့နဲ့လည်း အသေးစိတ်ညှိနှိုင်းနေတာဖြစ်ပြီးတော့ သတ်မှတ်ချက် ၁၃ မျိုးကလည်းကိုက်ညီနေတာကြောင့် ယင်းတစ်မျိုးတည်း လျော့နည်းနေတာကို ပြန်လည်စစ်ဆေးပေးဖို့နဲ့ စစ်ဆေးရာမှာလည်း နှစ်ဖက်အငြင်းပွားတာမျိုးမဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအခြေအနေအပေါ်ကိုလည်း မဟုတ်မမှန်သတင်းမှားဖြန့်ချိတယ်ဆိုရင် ဥပဒေနဲ့ အညီအရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း၊ ညွှန်ကြားရေးမှုး (ကုန်ထုတ်) ဆီကို လိပ်မူထားတဲ့စာက အွန်လိုင်းမှာပြန့်လာပြီးတဲ့နောက်ပိုင်းမှာ ကုမ္ပဏီဘက်က အခုလို ပြန်လည်ရှင်းလင်းတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က