မင်္ဂလာပွဲက သုဝဏ္ဏဘူမိမှာတဲ့။

မကြာခင် သူ့ရဲ့ ဘဝထဲကို ရောက်ရှိလာတော့မယ့် သတို့ သမီးလောင်းလေးရဲ့ စိတ်ထားလေးကိုလည်း မောင်မောင်အေးက ယခုလို ပြောပြခဲ့ပါတယ်။

45828279-1983723901720783-9122299563615453184-n.jpg

Photo : မောင်မောင်အေး FB

 

ပရိသတ်တွေကို ပျော်အောင် ဖန်တီးတတ်သူ Surprise ဖြစ်အောင် အမြဲတမ်း လုပ်တတ်တဲ့ ကိုမောင်မောင်အေးက မကြာခင် ချစ်တဲ့သူနဲ့ အတူ လက်တွဲတော့မှာ ဖြစ်ပါတယ်။သူရဲ့ မင်္ဂလာသတင်းကို ကြားကြားချင်းမှာ မိတ်ဆွေ၊ သူငယ်ချင်း၊ပရိသတ်တွေအားလုံး အရမ်းကို အံ့သြခဲ့ရပါ တယ်။ တချို့ပရိသတ်တွေကလည်း နောက်နေတယ်လို့ ထင်နေကြပါသေးတယ်။

Photo : မောင်မောင်အေး FB

 

ဒါပေမယ့် မောင်မောင်အေး မင်္ဂလာဆောင်တော့မယ့် သတင်းက တကယ်ပါ။ မကြာခင် သူ့ရဲ့ ဘဝထဲကို ရောက်ရှိလာတော့မယ့် သတို့ သမီးလောင်းလေးရဲ့ စိတ်ထားလေးကိုလည်း မောင်မောင်အေးက ယခုလို ပြောပြခဲ့ပါတယ်။

"သူနဲ့ကျွန်တော်နဲ့က အလုပ်ထဲမှာပဲ တွေ့ဖြစ်တာပါ။ အဓိကက သူက စိတ်ထားအရမ်းကောင်းတယ်။ အဲ့ဒါကြောင့် သူ့ကို ရွေးချယ်ဖြစ်တယ်။ သူနဲ့ကျွန်တော်နဲ့ ကြားထဲမှာ တစ်ခါတလေ ကျွန်တော်က နောက်တာတွေမှာ သူပျော်ရတာတွေ ရှိသလို စိတ်ညစ်ရတာတွေလည်း ရှိတယ်။ ကိုယ်က တစ်ခါတလေ နောက်လိုက်တာ အနောက်လွန်သွားတဲ့ သူစိတ်ဆိုးသွားရတာတွေလည်း ရှိတယ်။" လို့ Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

Photo : မောင်မောင်အေး FB

လက်ထပ်တော့မယ်လို့ ကြေညာလိုက်တဲ့ မောင်မောင်အေး 

သူတို့ရဲ့ မင်္ဂလာပွဲမှာ သူငယ်ချင်းအားလုံး စုံနိုင်ဖို့အတွက် သုဝဏ္ဏဘူမိမှာ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

"မင်္ဂလာပွဲကို သုဝဏ္ဏဘူမိမှာ လုပ်ဖို့ စီစဉ်ထားပါတယ်။ သူငယ်ချင်းတွေ အားလုံး အတူတူတွေ့လို့ရအောင်လို့ စီစဉ်ထားတာပါ။ သူ့ဘက်က သူငယ်ချင်းတွေလည်း ရှိတယ်။ ကျွန်တော့်ဘက် သူငယ်ချင်းတွေလည်း ရှိတော့ တစ်နေရာတည်းမှာ အားလုံးဆုံနိုင်ဖို့ပေ့ါ။ ပြီးတော့ ကားပါ ကင် လည်း အဆင်ပြေတယ်" ဆိုပြီး နိုဝင်ဘာ(၂၃) ရက်နေ့က ပြုလုပ်တဲ့ "အဆိပ်ရှိလူရိုင်း" ရုပ်ရှင်ဇာတ်ကားအထူးပြပွဲမှာ ပြောပြခဲ့တာပါ။

Photo : မောင်မောင်အေး FB

 

မောင်မောင်အေးဟာ ဟာသအစီအစဉ်တွေနဲ့ ပရိသတ်တွေကို မရိုးနိုင်အောင် တင်ဆက်သူတစ်ယောက်လည်း ဖြစ်သလို အစီအ စဉ်တင် ဆက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။အစီအစဉ်တင်ဆက်သူတစ်ဦးအနေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးသူ ကိုမောင် မောင်အေးဟာ ပရဟိတအလုပ်တွေကိုလည်း ဆောင်ရွတ်နေသူ တစ်ဦးပါ။

Share

Loading Next Article...
က္က