ဆင်ကတော့ အရေခွံအနွှာခံထားရတာလည်းဖြစ်ပါတယ်။

ပုသိမ်မှာတောဆင်ရိုင်းကို အရေခွံနွှာသတ်ဖြတ်ခဲ့တဲ့ ဆင်သတ်မုဆိုးတွေကို ဇီဝမျိုးစုံမျိုးကွဲပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။

46636021_387639098444138_6501133812309688320_n.jpg 

နိုဝင်ဘာ ၂၅ ရက်နေ့က ပုသိမ်မြို့နယ်၊ချောင်းသာကြိုးဝိုင်း အကွက်အမှတ် (၄) မှာတောဆင်ရိုင်းအထီးတစ်ကောင် သေဆုံးနေတာဖြစ်ပြီးတော့ ဆင်ကိုတော့အကုန် အရေခွံအနွှာခံထားရတာလည်းဖြစ်ပါတယ်။

ပုသိမ်သစ်တောလုံခြုံရေးရဲတပ်ဖွဲ့က စစ်ဆေးရာမှာတော့ အလျား ၇ ပေ၊လုံးပတ် ၁၁ပေ ၆ လက်မ၊ အမြင့် ၈ ပေရှိတဲ့ ဟိုင်းဆင် အမျိုးအစားဖြစ်ပြီး အသက် ၁၅ နှစ်ခန့်ရှိပြီးတော့ ခန္ဓာကိုယ် ၄ ပုံ ၃ ပုံခန့်ကို အရေခွံခွာထားပြီးတော့ မြှားဆူးဝင်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဆင်သတ်မုဆိုးတွေကြောင့်သေဆုံးရတယ်လို့ ယူဆထားပြီးတော့ ချောင်းသာနယ်မြေရဲစခန်းမှာ ဇီဝမျိုးစုံမျိုးကွဲ ပုဒ်မ ၄၁ (က) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ရုပ်ကြွင်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာသစ်တောဌာနကနေမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာသီတင်းပါတ်တစ်ပါတ်ကို ပျမ်းမျှတောဆင်ရိုင်း ၁ ကောင်နှုန်းနဲ့ အသတ်ခံနေရပြီးတော့ ၂၀၁၇ မှာ ဆင်အသတ်ခံရမှုက ၅၉ ကောင်အထိရှိနေတယ်လို့ သစ်တောဦးစီးဌာနက နေုထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က