မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ နည်းပြမော်ရင်ဟိုက ၎င်းဟာ ရင့်ကျက်မှုမရှိတဲ့ကစားသမားဆိုတဲ့ စကားအပေါ်မှာ လျစ်လျူရှုခဲ့ပါတယ်။ မော်ရင်ဟိုက လုခ်ရှော၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ဟာ ကြယ်ပွင့်ကစားသမားဖြစ်လာနိုင်ဖို့အတွက် ယှဉ်ပြိုင်မှုပိုမိုလိုအပ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Photos: Metro
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုဟာ လုခ်ရှောကို မကြာခဏ လူသိရှင်ကြား ထုတ်ဖော်ဝေဖန်တတ်သူဖြစ်ပြီး Univision နဲ့ နောက်ဆုံးတွေ့ဆုံခဲ့ရာမှာ လုခ်ရှောကို ဥပမာပေးပြီး ရင့်ကျက်မှု မရှိတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"သူတို့တွေက ရင့်ကျက်မှုမရှိပါဘူး။ ဥပမာအနေနဲ့ ပြောရရင် လုခ်ရှောပေါ့"
2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း
"ကျွန်တော် ဒီကို စရောက်တဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ကောင်လေးတွေဟာ ဘယ်လို ယှဉ်ပြိုင်ရမယ်ဆိုတာတောင် မသိခဲ့ကြပါဘူး။ ဖြစ်နိုင်ဖွယ်ကြီးကြီးမားမားရှိပါတယ်။ ဟုတ်တယ်၊ ဒါပေမယ့် သူ ဘယ်လိုယှဉ်ပြိုင်ရမယ်ဆိုတာကို မသိပါဘူး"
"ပြီးတော့ ကျွန်တော်တို့ လုခ်ရှောအကြောင်း၊ မာရှယ်အကြောင်း၊ လင်ဂတ်အကြောင်း၊ မားကပ်စ်ရက်ရှ်ဖို့ဒ်အကြောင်းကို ပြောနေတဲ့အခါမှာ အဲဒီကောင်လေးတွေဟာ ကြယ်ပွင့်ကစားသမားဖြစ်နိုင်ဖွယ်ကြီးကြီးမားမားရှိတဲ့အကြောင်း ပြောနေကြပါတယ်"
"ဒါပေမယ့် ဘယ်သူက အခုထိ မရှိသေးတာလဲ။ စကားလုံးတစ်လုံးတည်းပေမယ့် ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျားကတော့ အများကြီး ပြောချင်မှာပါ။ ရဲစွမ်းသတ္တိရှိတာမျိုးပေါ့။ သူတို့တွေ အဲဒီလိုဟာမျိုး နည်းနည်းလေးတောင်မရှိပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Photos: Goal
လုခ်ရှောက နည်းပြမော်ရင်ဟိုရဲ့ ဝေဖန်မှုကို ကြားလိုက်ရတဲ့အချိန်မှာ သတင်းထောက်တွေကို ပြန်လည်ပြောကြားခဲ့တာကတော့ "သူ ဘယ်နေ့မှာ ဘာပြောခဲ့တယ်ဆိုတာက သူ ငယ်ငယ်တုန်းကနဲ့ မျိုးဆက်သစ်တွေရဲ့အရေးကိစ္စကို နှိုင်းယှဉ်တာထက်ပိုပါတယ်"
အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား လုခ်ရှောက ချယ်ဆီး၊ ရီးရဲမက်ဒရစ်နည်းပြဟောင်း မော်ရင်ဟိုရဲ့လက်အောက်မှာ ကစားဖို့အတွက် အရေထူဖို့လိုအပ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
"ဒီလို နည်းပြမျိုး၊ ဒီလိုအသင်းမျိုးရဲ့လက်အောက်မှာ ကစားနိုင်ဖို့ဆိုရင် ခင်ဗျားအနေနဲ့ အရေထူဖို့လိုပါတယ်။ ကျွန်တော်တို့ နည်းပြအတွက်၊ အသင်းအတွက်၊ ပရိသတ်တွေအတွက် တိုက်ပွဲဝင်ဖို့ လိုပါတယ်"
"ကျွန်တော် စာချုပ်သစ် ချုပ်ဆိုခဲ့တာက ဘာလို့လဲဆိုတော့ အသင်းမှာ ကောင်းမွန်တဲ့အရာတွေ ဖြစ်လာတော့မှာမို့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။
Share