ကိုရီးယားလို ပြန်ဆိုထားတဲ့ Holding Me Back သီချင်းကို မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံမှာလည်း ဖြန့်ချိသွား မှာဖြစ်ပါတယ်။
Photo : Key FB
ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ Holding Me Back သီချင်းကို Key က ကိုရီးယားလို ပြန်ဆိုပြီး single song အနေနဲ့ မကြာခင်မှာ ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးနိုင်တော့မယ်လို့ သိရပါတယ်။ ကိုရီးယားလို ပြန်ဆိုထားတဲ့ Holding Me Back သီချင်းကို မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံမှာလည်း ဖြန့်ချိသွားမှာဖြစ်ပါတယ်။
Photo : Key FB
ကိုရီးယားနိုင်ငံမှာရှိတဲ့ Korea Record Label အေဂျင်စီတစ်ခုနဲ့ ချိတ်ဆက်ပြီး ကိုရီးယားနိုင်ငံမှာ ဖြန့်ချိမှာ ဖြစ်တယ်လို့ Key က ပြောပါတယ်။
"ဖြန့်ချိဖို့က ကျွန်တော်တို့ Korea Record Label တခု နဲ့ စာချူပ်ချုပ်ဖို့ရှိတယ်။အဲ့အတွက် ကိုရီးယားနိုင်ငံရဲ့ Korea Copyright Association မှာ ကျွန်တော်အသင်းဝင်ရမယ်။ ပြီးရင် သူတို့နဲ့စာချုပ်ချုပ်ပြီး တရားဝင်ဖြန့်ချိလို့ရပြီပေ့ါ"လို့ key က Duwun Media သို့ ပြောပြခဲ့ပါတယ်။
Photo : Key FB
Holding Me Back သီချင်းကို Key ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်နဲ့ Youtube မှာ တင်သွားမှာ ဖြစ်ပြီး ပရိသတ်တွေက MTV အနေနဲ့ တစ်ခါတည်း ကြည့်ရှု ရမှာပါ။ Holding Me Back သီချင်းကို ကိုရီးယားမော်ဒယ်တစ်ယောက်နဲ့အတူ တွဲဖက်ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။ Key အနေနဲ့ ရိုက်ကူးရေးလုပ်တုန်းက အတွေ့အကြုံနဲ့အသံသွင်းတုန်းက အတွေ့အကြုံလေးတွေကိုလည်း ပြောပြထားပါသေးတယ်။
"ဒီသီချင်းကို အသံသွင်းတုန်းက ကိုရီးယားစာသင်နေတာတစ်လတောင် မပြည့်သေးဘူး။ အဲ့အချိန်တုန်းကဆိုရင် အသံထွက်တွေနဲ့ ပတ်သက် ပြိး အစွမ်းကုန်ကြိုးစားထားပါတယ်။ ရိုက်ကူးရေးကလည်း ပါဝင်ထားတဲ့ သရုပ်ဆောင်က ကိုရီးယားလူမျိုးပေ့ါ။ မော်ဒယ်။ အတူတွဲ သရုပ် ဆောင် ရတာဆိုတော့ ရှက်လည်းရှက်တယ်။ သူက ကျွန်တော့်ကို Lead လုပ်သွားတော့ သရုပ်ဆောင်ရတာအဆင်ပြေတယ်။ကျွန်တော်အ နေနဲ့ အကောင်းဆုံးကြိုးစားထားတယ်။ ပရိသတ်တွေလည်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်" လို့ Key က ဆက်လက်ပြောပြခဲ့ပါတယ်။
Photo : Key FB
Key ဟာ လက်ရှိမှာ 1004 Entertainment ကနေ လက်တွဲပြီး အလုပ်လုုပ်ကိုင်လျက်ရှိပါတယ်။ လူငယ်မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိထားတဲ့ Key ဟာ သူ့ရဲ့ ပထမဆုံး အခွေဖြစ်တဲ့ KEY ဟာလည်း ပရိသတ်တွေကြား အောင်မြင်မှု ရရှိထားတဲ့ အခွေတစ်ခွေလည်း ဖြစ်ပါတယ်။