ကွင်းဆက်တွေဖမ်းဆီးနေပါတယ်။

မုံရွာမြို့နယ်ထဲမှာ မူလတန်းလွန်ကျောင်းအုပ်တစ်ယောက်ကိုမူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့မ ရဲစခန်းက တာဝန်ရှိသူက Duwun ကို နိုဝင်ဘာ ၂၇ ရက်နေ့ကပြောပါတယ်။



"ဖမ်းမိတာဟုတ်ပါတယ်။ မူးယစ်တပ်စိပ်ကနေပြီးတော့ကွင်းဆက်တွေလိုက်ပြီးဖမ်းမိဖို့အတွက်ဆောင်ရွက်နေပါတယ်။"လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကိုပြောပါတယ်။



အဲ့ဒီ မူလတန်းလွန်ကျောင်းအုပ်ဆရာမကို မုံရွာက လက်ဖက်ရည်ဆိုင်ထဲမှာ ဖမ်းဆီးရမိခဲ့တာ့ဖြစ်ပြီး မူးယစ်ဆေးပြား ၅၀၀၀ ကျော်လောက်မိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။



အဲ့ဒီကျောင်းအုပ်ဆရာမဟာ ချောင်းဦးမြို့နယ် အတွင်းက မူလတန်းလွန်ကျောင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သူနဲ့ အတူ တန့်ယန်းမြို့နယ်က အမျိုးသမီးတစ်ယောက်ကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။



ဆေးပြားတွေရဲ့တန်ဖိုးဟာ ကာလတန်ဖိုးကျပ်သိန်း ၂၀၀ ကျော်လောက်ရှိမယ်လို့ခန့်မှန်းပြီး သတင်းအရဝင်ရောက်ရှာဖွေဖမ်းဆီးရာကနေ ခုလိုဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က