သူရောင်းတဲ့ ထီကို အားပေးခဲ့တယ်တဲ့။

ထီသိပ်မထိုးဖူးတဲ့ ထူးအယ်လင်းက လမ်းမှာ တွန်းလှည်းနဲ့ထီရောင်းနေတဲ့ မသန်စွမ်းတစ်ဦးဆီကနေ ဆယ်စောင်တွဲ အားပေး ခဲ့တာပါ။

Photo : ထူးအယ်လင်း FB

 

အဆိုတော် ထူးအယ်လင်းက လမ်းမှာတွေ့တဲ့ မသန်စွမ်းတစ်ဦးကို ကူညီခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခါမှ ထီမထိုးဖူးတဲ့ ထူးအယ်လင်းက လမ်းမှာ တွန်းလှည်းနဲ့ထီရောင်းနေတဲ့ မသန်စွမ်းတစ်ဦးဆီကနေ ဆယ်စောင်တွဲအားပေးခဲ့တာပါ။

"လမ်းမှာ တွန်းလှည်းနဲ့မသန်စွမ်းတစ်ဦး ထီရောင်းနေတာတွေ့လို ဆယ်စောင်တွဲအားပေးခဲ့တာပါ  ဘာရယ်မဟုတ်ပါဘူး ထီလည်း မထိုးဘူး ပါဘူး အကြိမ်အရေအတွက်ပြန်ကြည့်ရင် ငါးကြိမ်မပြည့်ပါဘူး ။ မသန်စွမ်းတစ်ဦး ထီရောင်းတာကို အားပေးရုံသက်သက်ပေါ့ ။ ထီပေါက်ခဲ့ ရင်တော့ အင်း" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

Photo : ထူးအယ်လင်း FB

မသန်စွမ်းတစ်ဦးကို ကူညီဖို့ ထီထိုးခဲ့တဲ့အကြောင်းကို သူတင်ထားတဲ့ ပို့စ်ရဲ့ ကောမန့်အောက်မှာ ပြောထားတာပါ။ သူတင်ထားတဲ့ ပို့စ်ရဲ့ Caption မှာတော့ "လိုအင်ဆန္ဒပြည့်ဝကြပါစေဆိုတာ ကြားကောင်းအောင်ပြောရေးကြတာ ပြည့်စုံဖို့ထက် အဆင်ပြေဖို့အရေးကြီးတယ် ။ မဟုတ်တာမလုပ် မတွေး မပြောနဲ့ .မချမ်းသာချင်နေ သန့်ရှင်းတယ် ။မှတ်ထားပေးလေ နော့ ... လှသိန်းမရဲ့ထီထိုးထားတယ် ထီပေါက်ရင် လိုချင်တာ အကုန်ဝယ်ပေးမယ် ." ဆိုပြီး စနောက်ပြီး ရေးထားခဲ့ပါတယ်။

Photo : ထူးအယ်လင်း FB

မျှော်တော်မူစေတီတော်ကို ပြုပြင်မွမ်းမံဆောင်ရွက်နေတဲ့ ထူးအယ်လင်း 

ထူးအယ်လင်းရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို ပရိသတ်တွေက ချီးကျူးထားကြပြီး ဆုကြီးပေါက်ဖို့ကိုလည်း ပရိသတ်တွေက ဆုတောင်းပေး ထားကြ ပါတယ်။

အဆိုတော်ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo : ထူးအယ်လင်း FB

 

အဲ့ဒီနောက် လှည်းကူးမြို့ နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ် ကျောင်းဆောက် လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။

အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က