မေလတုန်းက အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ တစ်ဦးတည်း ခြေဖနောင့်ဒဏ်ရာရပြီး ကမ္ဘာ့ဖလားပွဲကို ပါ လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။
Photo - Arsenal Fc
အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံလူ အသင်းခေါင်းဆောင် ကိုစီရယ်နီကတော့ ခြေဖနောင့်ဒဏ်ရာကြောင့် အနားယူနေခဲ့ရရာမှာ အခုတော့ ပြန်လည်သက်သာလာခဲ့ပါပြီ။
ဘွန်ဒက်စ်လီဂါမှာ အာစင်ဝင်းဂါးကို ပြန်မြင်ရတော့မှာလား
ဒါဘီအသင်းကို ၅ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ယူ-၂၃ ပွဲစဉ်မှာ ပထမဆုံးအကြိမ် အာဆင်နယ် ဂျာစီကို ပြန်လည်ဝတ်ဆင်ပြီး ၄၅ မိနစ်တိတိ စတင်ပါဝင်ခဲ့ ပါတယ်။
Photo - Arsenal Fc
ခြေဖနောင့်ဒဏ်ရာကြောင့် မေလကတည်းက အနားယူနေခဲ့ရတဲ့ ကိုစီရယ်နီဟာ အာဆင်နယ်အသင်းအတွက်သာမက ၂၀၁၈ ကမ္ဘာ့ဖလားဝင် ပြင်သစ်အသင်းရဲ့ လူစာရင်းကနေပါ ချန်လှပ်ခြင်းခံခဲ့ရသူပါ။
ဒဏ်ရာကြောင့် ဆရာဟောင်း အာစင်ဝင်းဂါးရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲကိုလည်း မမီခဲ့ပဲ အခုချိန် အသင်းကို ပြန်ရောက်ချိန်မှာတော့ နည်းပြသစ် အူနိုင်းကို တွေ့မြင်ရတော့မှာပါ။
Photo - Arsenal Fc
ခြေဖနောင့်ဒဏ်ရာကိုတော့ပြီးခဲ့တဲ့ နှစ်က အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ တစ်ဦးတည်း ထိခိုက်မိခဲ့ တာလည်း ဖြစ်ပါတယ်။
ပထမဆုံး ပြန်လည်စတင်ကစားခဲ့တဲ့ ပွဲမှာပဲ ကိုစီရယ်နီအနေနဲ့ အထင်ကြီးစရာ ကြံ့ခိုင်မှုကို ပြန်လည်ပြသနိုင်ခဲ့ပြီလို့ သိရပြီး လာမယ့် ကြားရက် မှာကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာဆိုရင် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲကို နွှဲရမှာ ဖြစ်ပြီး လက်ရှိမှာတော့ကိုစီရယ်နီမရှိတုန်း အာဆင်နယ်အသင်းရဲ့ ခံစစ် ကို ကာကွယ်နေသူတွေကတော့ ဒီနှစ်မှ အသစ်ခေါ်ယူထားတဲ့ ဆိုကရေးတီး၊မူစတာဖီနဲ့ ရော့ဘ်ဟိုးလ်ဒင်းတို့ ရှိနေပါတယ်။
Share