၅ နှစ်အတွက် ၂၅ သန်းထောက်ပံ့ရမှာပါ။

အိန္ဒိယမြန်မာနယ်စပ်ဖွံ့ဖြိုးရေး အစီအစဉ်တွေလုပ်ဆောင်ဖို့အတွက် အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ဒေါ်လာ ၅ သန်းထောက်ပံ့မှုကို အိန္ဒိယသံအမတ်ကြီး ဗစ်ကရမ်မီစရီ ကနေတဆင့်ထောက်ပံ့မှုပြုလုပ်ခဲ့ပါတယ်။



 

Photo - Embassy of India (Yangon)



၂၀၁၂ ခုနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးသဘောတူညီချက်အရ အိန္ဒိယမြန်မာနယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရအနေနဲ့ နှစ်စဉ်တိုင်း ၅ နှစ်တိတိ တစ်နှစ်ကို ၅ သန်း နှုန်းနဲ့ ၂၅သန်းထောက်ပံ့ဖို့သဘောတူညီထားတာလည်းဖြစ်ပါတယ်။



နိုဝင်ဘာ ၂၆ ရက်နေ့ကပေးအပ်လိုက်တဲ့ ဒီနှစ်ပထမနှစ် ထောက်ပံ့မှုရဲ့ ပရောဂျက်ထဲမှာတော့ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာရှိတဲ့ စာသင်ကျောင်း ၂၁ ကျောင်းနဲ့ ကျန်းမာရေးစင်တာ ၁၇ ခု၊ တံတား ၈ စင်းကို တည်ဆောက်ဖို့အတွက်လျာထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ တရားဝင် Website မှာ ဖော်ပြထားပါတယ်။



မြန်မာအစိုးရအနေနဲ့ လတ်တလောမှာ ဒုတိယနှစ်အတွက် ချင်းနဲ့ နာဂဒေသမှာ လမ်းမကြီး ၅ခုဖောက်လုပ်ရေးအတွက် ဆောက်လုပ်ရေးလုပ်ကိုင်မယ့်သူတွေကို ရွေးချယ်နေတယ်လို့ လည်းဖော်ပြထားပါတယ်။



မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ မဏိပူရ်၊ နာဂလန်း၊ အာယုနခယ်၊ ပရာဒစ်ရှ်၊ မီဇိုးရမ်း စတဲ့ပြည်နယ်တွေနဲ့ ဆက်စပ်နေပြီးတော့ ကီလိုမီတာ ၁၆၀၀ လောက်နယ်စပ်ချင်းထိစပ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က