မွေးနေ့အမှတ်တရအနေနဲ့ပါ။

သာသနာ့ဘောင်ထဲ ဝင်ချင်နေတာကြာပြီဖြစ်တဲ့ ပြေတီဦးက ဒီနှစ်မွေးနေ့မှာ အမှတ်တရအနေနဲ့ ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်ထား တယ်လို့ ဆိုပါတယ်။



 

နိုဝင်ဘာ(၃၀) ရက်နေ့မှာ အသက်(၄၀)ပြည့်တော့မယ့် သရုပ်ဆောင် ပြေတီဦးက မွေးနေ့မှာ သာသနာ့ဘောင်ထဲဝင်ဖို့ စီစဉ်ထားပါတယ်။ သာသနာ့ဘောင်ထဲ ဝင်ချင်နေတာကြာပြီဖြစ်တဲ့ ပြေတီဦးက ဒီနှစ်မွေးနေ့မှာ အမှတ်တရအနေနဲ့ ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

"သာသနာ့ဘောင်ထဲ ဝင်ချင်နေတာ ကြာပြီ။ အကြောင်းအမျိုးအမျိုးကြောင့် မဝင်ဖြစ်ဘူး။ အကြောင်းအမျိုးမျိုးဆိုတာကလည်း ဘုန်းကြီးဝတ်ပြီး သွားရင် ရိုက်မယ့် ဇာတ်ကားအတွက် ဆံပင်က အဆင်မပြေတာမျိုးတွေပေ့ါ။ ပြီးတော့ကျွန်တော်က ဆံပင်အတုစွပ်လို့မရဘူး။ ရုပ်က ဘယ် လိုမှ အဆင်မပြေတော့အဲ့ဒါနဲ့ပဲ မဝင်ဖြစ်ခဲ့တာ။ ဒီနှစ်မှာတော့ အမှတ်တရအနေနဲ့ ဝတ်ချင်နေတာလည်း ကြာပြီဆိုတော့ မဖြစ်ဖြစ်အောင် ဝတ်မယ်ဆိုပြီး ဝတ်ဖို့ ဆုံးဖြတ်လိုက်တာပါ" လို့ ပြေတီဦးက နိုဝင်ဘာ(၂၈) ရက်နေ့က ပြုလုပ်တဲ့"သမီးသမက်ခမည်းခမက်" ရုပ်ရှင်ဇာတ်ကား အထူးပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

ပြေတီဦးဟာ (၅) ရက်တိတိ မှော်ဘီမြို့မှာရှိတဲ့ ဆရာတော် ဆေကိန္ဒရဲ့ ဓမ္မဒူတကျောင်းမှာ တရားအားထုတ်သွားမှာ ဖြစ်ပါတယ်။ ပြေတီဦး အနေနဲ့ မွေးနေ့ရောက်တိုင်း မွေးနေ့ပွဲရယ်လို့ မလုပ်ဖြစ်ပေမယ့် ပြေတီးဦး ဖောင်ဒေးရှင်းတည်ထောင်ပြီးတဲ့ နှစ်ကစလို့ ဖောင်ဒေးရှင်းက ကလေးတွေနဲ့ပဲ ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။

"မွေးနေ့က ကျွန်တော့်အတွက်နှစ်တိုင်းနှစ်တိုင်းကို အမှတ်တရဖြစ်တယ်။ ကျွန်တော်က ကျွန်တော်ရဲ့ မွေးနေ့မှာ မွေးနေ့ပွဲရယ်လို့ ဘယ် တော့ မှ မလုပ်ဖြစ်ဘူး။ ကျွန်တော်ဖောင်ဒေးရှင်း ထောင်ပြီးတဲ့ နှစ်ကစလို့ အဲ့နေ့တွေမှာ ဖောင်ဒေးရှင်းနှစ်ပတ်လည်ပွဲ လုပ်ဖြစ်တာ များတော့ အဲ့နေ့မှာ ကျွန်တော့်ရဲ့ ကျောင်းသား သူတွေနဲ့အမြဲတမ်း တွေ့ဖြစ်တယ်။ သူတို့နဲ့ စကားတွေပြောတယ်။ သူတို့ရဲ့ အခက်အခဲတွေ နားထောင် တယ်။ အကြံဉာဏ်တွေပေးတယ်။ စိတ်ဓာတ်ခွန်အားရအောင် စကားပြောဖြစ်တယ်ဆိုတဲ့ အဲ့နေ့လေးတွေမှာအမြဲတမ်း ကုသိုလ် ကောင်းမှုလေးတွေ လုပ်ဖြစ်သလို ဖြစ်တော့ အဲ့နေ့လေးက အမှတ်တရ နေ့လေးလည်းဖြစ်သလိုအဓိပ္ပါယ်ရှိတဲ့နေ့လေးလည်း ဖြစ်တယ်။ " လို့ ပြေတီဦးက ဆက်လက်ပြောပြခဲ့ပါတယ်။

အူဝဲဆီက ဘာမှထပ်မလိုချင်ဘူးလို့ ဆိုတဲ့ ပြေတီဦး 

ဇနီးဖြစ်သူဆီက မွေးနေ့လက်ဆောင် ဘာလိုချင်လဲလို့ မေးမြန်းချိန်မှာတော့ပြေတီဦးက ဘာမှမလိုချင်ဘူးလို့ ဆိုပါတယ်။

"အူဝဲဆီက ကျွန်တော်ဘာမှ ထပ်မလိုချင်ဘူး။ သူ ကျွန်တော့်ကို စိတ်ဆင်းရဲအောင်မလုပ်ဘူး။စိတ်ချမ်းသာအောင် ထားတယ်။ ကျွန်တော်ဘာပဲ လုပ်ချင်လုပ်ချင် သူ့ဘက်က အမြဲတမ်းနားလည်ပေးတယ်။ဒါနဲ့တင် ကျွန်တော် ကျေနပ်ပါတယ်" လို့ ပြေတီဦးက မီဒီယာတွေကို ဖြေကြားခဲ့ပါ တယ်။

 

ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင်ရေးက တစ်ယောက်နဲ့ တစ် ယောက် နားလည်မှု အပြန်အလှန်ရှိကြောင်း နှစ်ဦးစလုံးက အင်တာဗျူးတွေမှာ ဖြေလေ့ရှိပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါ တယ်။ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က