ထောင်ညွှန့်ကြားရေးမှူးရဲ့ခွင့်ပြုချက်လိုလို့ပါ။

မူးယစ်ဆေးရောင်းဝယ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ နိုဝင်ဘာ ၂၈ ရက်နေ့အမိန့်ချမယ်ဆိုပေမယ့် အကျဉ်းထောင်ကိုခွင့်ပြုချက်တင်နေရတာကြောင့် အမိန့်ချမယ့်နေ့ကို ဒီဇင်ဘာ ၁၂ ရက်နေ့ကို ရွေ့ဆိုင်းလိုက်ပါတယ်။



Photo - မိုးအောင်ရင် Facebook



ပြီးခဲ့တဲ့နိုဝင်ဘာ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးကနေ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု ပုဒ်မ ၁၅၊ ၁၆ (ဂ) အရ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ အမိန့်ချထားတာကြောင့် ထောင်သားဖြစ်နေတဲ့ အတွက် အကျဉ်းထောင် ညွှန့်ကြားရေးမှူးဆီ ခွင့်ပြုချက်ရပြီးမှ အမိန့်ချနိုင်မယ်လို့ တရားသူကြီးကပြောပါတယ်။

မြို့နယ်တရားရုံးကနေ အမိန့်ချတဲ့ ထောင်ဒဏ်ကျခံစေတဲ့ ပုဒ်မဟာ ၁၅၊ ၁၆ (ဂ) ဖြစ်တဲ့ လက်ဝယ်သုံးစွဲမှုဖြစ်ပြီး သူ့ကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉ (က) နဲ့တရားစွဲဆိုထားတဲ့ အမှုကိုတော့ အမိန့်ချဖို့ကျန်နေတာဖြစ်ပါတယ်။



မိုးအောင်ရင်ကို ပုဇွန်တောင်တရားရုံးကနေ နိုဝင်ဘာ ၂၆ ရက်နေ့က အမိန့်ချလိုက်တာကြောင့် သူဟာ အချုပ်သားမဟုတ်တော့ဘဲ ထောင်သားဖြစ်သွားတဲ့အတွက် နောက်ထပ်ရုံးထုတ်ဖို့ကို ထောင်ထွက်အမိန့်ယူရမှာဖြစ်ပါတယ်။



ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ရည်စားဖြစ်သူ နေအိမ်မှာ အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က