ပျံလွန်တော်မူ သွားပြီဖြစ်တဲ့ကျောက်ဂူရေထွက် ဆရာတော်ကြီး၊ သရုပ်ဆောင်မင်းသွေးနဲ့ ကင်မရာမန်း ကိုကျော်သန်းလွင်တို့အတွက်ပါ။

7th Sense Film Production အနေနဲ့ '' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားမှာ တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့ကြတဲ့ ကွယ်လွန်သူ သရုပ် ဆောင် မင်းသွေး နဲ့ ကင်မရာ မန်း ကိုကျော်သန်းလွင်တို့ကို ရည်စူးပြီး အလှူအတန်းတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo: ဝေမင်းမောင်

 

'' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်ဖြစ်တဲ့ မင်းသွေး၊ ကင်မရာမန်းဖြစ်သူ ကိုကျော်သန်းလွင် နဲ့ ပျံလွန်တော်မူ သွားပြီဖြစ်တဲ့ကျောက်ဂူရေထွက် ဆရာတော်ကြီးတို့ကို ရည်စူးပြီး မုန်းစွဲဇာတ်ကားအဖွဲ့သားတွေက အလှူအတန်းတွေ လုပ်ပေးခဲ့ကြတယ်လို့ 7th Sense Film Production ကကိုဝေမင်းမောင်က ပြောပါတယ်။ ဒီအလှူကိုတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က မော်လမြိုင်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

'' 7th Sense Film Production မှ မုန်းစွဲ အားပေးတဲ့ ပရိတ်သတ်များ၏ ကောင်းမှုကုသိုလ်အလှူအဖြစ် မော်လမြိုင် ခရီးစဉ်သွား ရောက်ခဲ့ ပါတယ်။ ကျိုက်မရောဆရာတော်ဘုရားအား နဝကမ္မအလှူငွေ သိန်း ၅၀ မော်လမြိုင် ဘိုးကုန်းရပ် ဓမ္မနန္ဒီစာသင်တိုက်သို့ အလှူငွေ ၁၅ သိန်း

မော်လမြိုင် လူငယ်သင်တန်းကျောင်းသို့ အလှူငွေ ၁၀ သိန်း '' လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo: ဝေမင်းမောင်

 

'' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အားပေးကြတဲ့ ပရိသတ်တွေ ရဲ့ ကျေးဇူးကြောင့် အခုလို အလှူလေးလုပ်ဖြစ်ခဲ့တယ်လို့ ကို ဝေမင်းမောင်က ဆက်လက်ပြောပြထားပါတယ်။

'' ဒီအလှူသည် မုန်းစွဲ အားပေးသည့် ၇ ရက် သားသမီးများ ပရိသတ်အလှူဖြစ်ပါသည်။ ပျံလွန်တော်မူပြီဖြစ်တဲ့ ကျောက်ဂူရေထွက် ဆရာ တော် ဘုရား ၊ကွယ်လွန်သူ မင်းသွေး ၊ ကင်မရာမင်း ကိုကျော်သန်းလွင် တို့ ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ကြပါစေ''ဆိုပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

အပြင်ပုံစံနဲ့မတူတဲ့ မင်းသွေးရဲ့သရုပ်ဆောင်မှုကိုပြောလာတဲ့ သားညီ  

Photo: ဝေမင်းမောင်

 

နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး ရုံတင်ပြသနေတဲ့ '' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကတော့ ကြက်သီးထစရာကောင်းလောက် အောင် အောင်မြင်မှုတွေရနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာသာမက စင်္ကာပူနိုင်ငံမှာပါ အောင်မြင်မှုတွေရရှိနေတယ် လို့လည်း ထုတ်လုပ်သူ ကိုဝေမင်းမောင်က Duwun Media ကို သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' အောင်မြင်တယ်လို့ ပြောလို့ရတာပေ့ါနော်၊ Mage ACE ရုပ်ရှင်ရုံတွေနဲ့ JCGV ရုပ်ရှင်ရုံတို့မှာလည်း ပရိသတ် တောင်းဆိုသလောက်  ၃ ပတ်၊ ၄ ပတ်လောက် ပြရင်လည်း ပြဖြစ်သွားမယ်။ လက်မှတ်အစောင်ရေ က မြန်မာတစ်နိုင်ငံလုံးမှာ ပထမရက်နဲ့တင် ၉၀ ရာခိုင်နှုန်းလောက် ရောင်း အားကောင်းခဲ့တယ်။ စင်္ကာပူမှာတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်ပဲ။ ပွဲတိုင်းနီးပါး အားပေးကြတာဆိုတော့လေ'' လို့ ဆိုပါတယ်။

Photo: ဝေမင်းမောင်

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က