၁၉၃ နိုင်ငံမှာ အဆင့် ၁၆၉ ရှိပြီးတော့ ၂၀၁၈ မှာ ၁၅၇ အထိတိုးတက်လာတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက e-government ညွှန်းကိန်းက နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ၁၅၇ အဆင့်ထိ ရောက်ရှိနေတယ်လို့ ဒုတိယသမ္မတက e-Government Conference and ICT Exhibition 2018 (နေပြည်တော်) ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာပြောကြားလိုက်ပါတယ်။



 

47015423_1907852452595815_8014974501269798912_n.jpg 

နိုင်ငံတွေရဲ့ e-government ဖွံ့ဖြိုးမှုကို တိုင်းတာရာမှာ အညွှန်းကိန်း ၃ ခုနဲ့ တိုင်းတာတာဖြစ်ပြီးတော့ အွန်လိုင်းဝန်ဆောင်မှုများညွှန်းကိန်း၊တယ်လီကွန်မြူနီကေးရှင်းညွှန်းကိန်းနဲ့ လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း တို့ဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ e-government ညွှန်းကိန်းက ၂၀၁၆ မှာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ အဆင့် ၁၆၉ ရှိပြီးတော့ ၂၀၁၈ မှာ ၁၅၇ အထိတိုးတက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ e-government ဦးဆောင်ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ် ဦးဆောင်ပြီးတော့ ဖွဲ့စည်းထားပြီးတော့ ကော်မတီနဲ့ ဆပ်ကော်မတီ (၈) ခုကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနတွေရဲ့ လုံခြုံရေးအချက်အလက်တွေသိမ်းဆည်းထားနိုုင်ဖို့ နဲ့ အစိုးရဒေတာစင်တာတစ်ခုတည်ဆောက်ဖို့ စီမံနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆိုင်ဘာ ဥပဒေကို ရေးဆွဲပြဌာန်းနိုင်ဖို့ လုပ်ဆောင်နေပြီးတော့ ပြည်သ့ူဗဟိုပြုဝန်ဆောင်မှုတွေ ဦးစားပေးအကောင်အထည်ဖော်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

e-government နဲ့ပါတ်သတ်ပြီး ညီလာခံနဲ့ ပြပွဲတွေပါဝင်တဲ့ e-Government Conference and ICT Exhibition 2018 (နေပြည်တော်) ညီလာခံ ကိုနေပြည်တော်မှာကျင်းပနေတာဖြစ်ပြီးတော့ နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်နှစ်ရက်ကျင်းပနေတာဖြစ်ပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က