တစ်နှစ်ပြည့်မွေးနေ့အလှူပါ။

မွေးနေ့အလှူအဖြစ် ရန်ကုန် ကလေးဆေးရုံကြီး ရဲ့ သွေးနဲ့ကင်ဆာဌာနမှာရှိတဲ့ ကလေးတွေ အတွက် စားစရာတွေ၊ အကျႌတွေလှူဒါန်းခဲ့သလို ကလေးတွေရဲ့ ဆွေးမျိုးမိဘများကိုလည်း ညနေစာအတွက် ထမင်း၊ဟင်းတွေ လှူဒါန်းခဲ့ပါတယ်။

Photo : သံသာဝင်း FB

နိုဝင်ဘာ(၂၇) ရက်နေ့က တစ်နှစ်ပြည့်သွားတဲ့ သမီးလေးအတွက် မွေးနေ့အလှူကို ဖေဖေနဲ့ မေမေတို့က ရန်ကုန် ကလေးဆေးရုံကြီး ရဲ့ သွေးနဲ့ကင်ဆာဌာနမှာရှိတဲ့ ကလေးတွေအတွက် အလှူအတန်းတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အလှူလုပ်ပေးခဲ့တဲ့ အကြောင်းကိုလည်း သံသာဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

Photo : သံသာဝင်း FB


"ဒီနေ့ သမီးလေး Kayla @ ကေသရီအနဂ္ဂ ရဲ့တစ်နှစ် ပြည့်မွးနေ့အလှုလေးအဖြစ် ရန်ကုန်ကလေးဆေးရုံကြီးရဲ့ သွေးနဲ့ကင်ဆာဌာနမှာ ရောဂါခံစားနေရရှာတဲ့ သားသားမီးမီးလေးတွေအတွက် စားစရာမုန့်များ အကျႌအဝတ်အစားများ အပြင် ရန်ကုန်ကလေးဆေးရုံကြီးရဲ့ ward ပေါင်းစုံမှာ တက်ရောက်ကုသနေကြတဲ့ သားသားမီးမီးလေးတွေ ရဲ့ဆွေမျိုးမိဘများအတွက် ညနေစာထမင်း ဟင်းများ သွားရောက်လှူ ဒါန်းခဲ့ ကြပါတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ ညက ပြောထားတာပါ။

Photo : သံသာဝင်း FB

အနုပညာရှင်တွေရဲ့ ဘဝကို Helium Balloon နဲ့ တင်စားလိုက်တဲ့ အနဂ္ဂ 

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးဦးလေးကိုတော့ ၂၀၁၇ ခုနှစ်နိုဝင်ဘာ(၂၇)ရက်နေ့ နေ့လည်အချိန်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေး ကတော့ မွေးဖွားချိန်မှာ (၇)ပေါင်နဲ့ (၅)အောင်စရှိတယ်လို့ သိရပါတယ်။အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးဦးလေးကိုတော့ ပန်းလှိုင် ဆေးရုံ ကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သမီးလေးကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလဆန်းမှာ မွေးမယ်လို့ ကြိုတွက်ခဲ့ပေမယ့် တစ်လကြိုပြီး မွေးဖွားခဲ့တာလို့လည်း သိရပါတယ်။ အနဂ္ဂနဲ့ သံသာဝင်းတို့ဟာ ချစ်သူ သက်တမ်း ၄ နှစ်ကြာပြီးနောက် လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ထပ်ပွဲကိုတော့ ၂၀၁၂ခုနှစ် ဒီဇင်ဘာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Photo : သံသာဝင်း FB


အနဂ္ဂကိုတော့ Rap ဂီတအဖွဲ့ကို စတင်လိုက်တဲ့ အက်ဆစ် အဖွဲ့ကနေ ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ သံသာဝင်း ကိုတော့ အသံစူးစူးလေးနဲ့ အချစ်သီချင်း အေးအေးလေးတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ကြတာပါ။ သံသာဝင်းဟာ ဝါရင့်ဂီတ ပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်နွဲ့ယဉ်ဝင်းရဲ့ သမီးဖြစ်ပါတယ်။

နွဲ့ယဉ်ဝင်းရဲ့ ဂီတမျိုးဆက်သစ် ဆိုရင်လည်း မမှားပါဘူး။ အနုပညာရှင်တွေ ဖြစ်ကြ တဲ့ သူတို့နှစ်ဦးကတော့ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်း မှာ မိသားစုအပေါ် အချိန်ပေးနေရတဲ့အတွက် ဂီတ အလုပ်တွေ ကို အနည်းအကျဉ်းသာ လုပ်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က