နိုဝင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နိုဝင်ဘာလရဲ့ ပျမ်းမျှအပူချိန်အောက် လျော့နည်းမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ နိုဝင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်ပါတယ်။



47024637_1177566885731721_3149249684204158976_n.jpg 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာနိုဝင်ဘာလရဲ့ ပျမ်းမျှအပူချိန်အေက် (၅)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ရှမ်းပြည်(အရှေ့ပိုင်း)နဲ့ ရခိုင်ပြည်နယ်တို့မှာ နိုဝင်ဘာရဲ့ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီစင်တီဂရိတ်က နေ (၄)ဒီဂရီစင်တီဂရိတ် အထိ ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊မကွေးတိုင်း၊ ဧရာဝတီ၊ကချင်ပြည်နယ်နဲ့ ရှမ်း(တောင်ပိုင်း)တို့မှာနိုဝင်ဘာလရဲ့ ပျမ်းမျှအပူချိန်အောက် (၂) ဒီဂရီစင်တီဂရိတ်လျော့နည်းနေတယ်လို့ သိရပါတယ်။

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ပျမ်းမျှအပူချိန်အတိုင်းရှိနေတာဖြစ်ပြီးတော့ ညအပူချိန်တွေအနေနဲ့ ဟားခါးမြို့မှာ (၂)ဒီဂရီစတင်တီဂရိတ်၊ဟဲဟိုးမှာ (၃) ဒီဂရီစင်တီဂရိတ်၊ သီပေါမြို့မှ (၅) ဒီဂရီစင်တီဂရိတ်နဲ့ လွိုင်လင်၊တီးတိန်နဲ့ ရမ်ကလောင်းမြို့တို့မှာ (၆) ဒီဂရီစင်တီဂရိတ် အထိ ရှိနေတာဖြစ်ပါတယ်။

တနသာၤရီတိုင်းဒေသကြီးမှာ မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးလေဝသနဲ့ ပါတ်သတ်ပြီးတော့ သတင်းအမှားတွေဖြန့်ချိသူတွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့အထိ လုပ်ဆောင်နေတယ်လိ့ုလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က