လောလောဆယ်တော့ မော်လမြိုင်ဆေးရုံကို ပို့ထားပါတယ်

မော်လမြိုင်မြို့ စက်မှုဇုန် GTI ကျောင်းလမ်းဝမှာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းလောက်က ဆိုင်ကယ်နှစ်စီးတိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ လူ ၃ ဦး ဒဏ်ရာအခြေအနေ ပြင်းထန်ပြီး အနီရောင် အဆင့်ရှိတယ်လို့ သိရပါတယ်။



 

46837084_2201418010131144_1845869329120231424_n.jpg 

ဖြစ်စဉ်ကတော့ ဒီကနေ့ နေ့လယ် ၂ နာရီကျော်အချိန်လောက်ကဘားအံဘက်ကလာတဲ့ ဆိုင်ကယ်နဲ့ မော်လမြိုင်ဘက်က လာတဲ့ ဆိုင်ကယ်နှစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်တယ်လို့ ဘိုဘိုဝင်း ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဝင်းက Duwun ကို ပြောပါတယ်။

“ ဘားအံဘက်က လာတာနှစ်ယောက်၊မော်လမြိုင်ဘက်က တစ်ယောက် ဆိုင်ကယ်အရှိန်အရမ်းပြင်းတယ်လို့ ပြောတယ် ။ တစ်ယောက်က ဦးခေါင်းထိသွားတယ်။ နောက်နှစ်ယောက်က ခြေ၊လက်တွေ ကျိုးသွားတယ်။ အသက် ၃၀ ကျော်လောက်ရှိတဲ့ အမျိုးသား ၃ ယောက်ပါ။ ၃ ယောက်လုံး စိုးရိမ်ရတယ်။ လောလောဆယ်တော့ မော်လမြိုင်ဆေးရုံကို ပို့ထားတယ်” လို့ ကိုဘိုဝင်းက ပြောပါတယ်။

အဆိုပါ ဆိုင်ကယ်နှစ်စီးဟာ မျက်နှာချင်းဆိုင် မောင်းနှင်လာရာကနေ တစ်စီးနဲ့ တစ်စီး ရှောင်တိမ်းနေရာကနေ တိုက်မိသွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူအချို့ရဲ့ ပြောပြချက်အရသိရပါတယ်။ လက်ရှိတော့ ဒီဖြစ်စဉ်ကို မော်လမြိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က