ဖြိုးလေးက ဝါဆိုမိုးဦးကို ချီထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကို လက်မခံတဲ့အကြောင်း ဝါဆိုမိုးဦးက ပြောပြ လာပါတယ်။ ဒီဓာတ်ပုံနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။
Photo: ဝါဆိုမိုးဦး
သရုပ်ဆောင် ဝါဆိုမိုးဦးနဲ့ ဖြိုးလေး တို့ရဲ့ ကမ်းခြေပေါ်က ပုံရိပ်လေးတွေက အရမ်းကို ကြည်နူးစရာကောင်းခဲ့တာကို တွေ့ရပါတယ်။ သူတို့ ချစ်သူ နှစ်ဦးကိုတော့ ချစ်ကြတဲ့ ပရိသတ်တွေရှိသလို အကြံပေးကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝေဖန်တိုက်ခိုက် မှုတွေကိုတော့ လက်မခံတဲ့အကြောင်း Duwun Media ကနေ ပြောပြထားပါတယ်။
'' ကောင်းခြင်းပြောတာကိုတော့ ဝါဆိုက လက်ခံပါတယ်။ အကြံပေးတာလည်း လက်ခံပါတယ်။ ဒါပေမယ့် ဆဲတာ ဆိုတာတော့ ဝါဆို လက်မခံ ဘူး။ အနုပညာရှင်တွေလည်း လူပဲလေ အပြင်က လူတွေနဲ့ အတူတူပဲဟာ အနုပညာရှင်တွေမှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိတယ်။ နှစ်ယောက်တည်းခရီးသွားတာ မသင့်တော်ဘူးလို့ပြောတာကလည်း ဝါဆိုတို့သွားတာက မိသားစုတွေလည်းပါ ပါတယ်'' လို့ ဆိုပါတယ်။
Photo: ဝါဆိုမိုးဦး
ကမ်းခြေမှာ ဖြိုးလေးက ဝါဆိုမိုးဦးကို ချီထားတဲ့ ဓာတ်ပုံလေးကလည်း ပရိသတ်ကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ ဒီဓာတ်ပုံလေးကလည်း အမှတ်တရတွေ ရှိခဲ့တဲ့အကြောင်း အခုလို ပြောပြထားပါသေးတယ်။
'' မနည်း ချီရတာပေါ့။ ဝါဆို့ ခန္ဓာကိုယ်က မသိမသာလေးတာ အရိုးအစစ်ကြီးတာလား မသိဘူး လေးတယ်။ ချီနေကြပါ ဘာရယ်တော့ မဟုတ်ဘူး ချီနေကြပါပဲ။ ဒါပေမယ့် Snap လေး ရိုက်မယ် ဆိုပြီးတော့ ရိုက်ဖြစ်သွားတာပါ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က နေဝင်းရဲ့ '' ဆွေမျိုးမေ့'' တေးစီးရီးမိတ်ဆက်ပွဲမှာဖြေဆိုခဲ့တာပါ။
ချစ်သူဖြစ်ပြီးနောက်ပြောင်းလဲသွားကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး
Photo: ဝါဆိုမိုးဦး
ဝါဆိုမိုးဦးဟာ ခန္ဓာကိုယ်အချိုးအစား လှပတောင့်တင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံလေးတွေ တင်ဖြစ်တာ ကလည်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပြီး လှတယ်လို့ သတ်မှတ်ထားတာကြောင့်လို့ ဆိုပါတယ်။
'' လူတစ်ယောက်က ကိုယ့်ကိုယ်ကို လှတယ်လို့ ထင်နေရင်ပြီးရော၊ အဆင်ပြေတယ်။ စိတ်ချမ်းသာတယ်။ လူတိုင်းမှာ အလှကိုယ်စီရှိနေကြ တာပဲ။ ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ တွေးနေတဲ့သူက ဘယ်လို လုပ် လူတောထဲ တိုးလို့ လွယ်မလဲ။ အဲ့ဒီအတွက်ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိအောင်နေတယ်။ လှတယ်လို့ သတ်မှတ်ထားတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: ဝါဆိုမိုးဦး
Rap အဆိုတော် ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦး တို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါဘဲတဲ့။ ပုံစံချင်းမတူဘဲ လက်တွဲခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ညှိနှိုင်းရင်းနဲ့ဘဲ ချစ်သူသက်တမ်း ၂ နှစ်ကျော်၃ နှစ်နီးပါးရှိပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း သူတို့နှစ်ဦးဟာ ကိုယ်ပိုင် စီးပွားရေးတွေ လုပ်နေတာကို တွေ့ရပါတယ်။