သမီးလေးက အခုဆို ၂ လပြည့်ပြီးဖြစ်ပါတယ်။

ကြာစိကတော့ အိပ်ပျော်နေတဲ့ သမီးလေးကို လက်ကမချနိုင်အောင် အလွမ်းသယ်လို့နေပါတယ်။ သူဟာ လက်ရှိမှာလည်း အနုပညာအလုပ် တွေ ဆက်တိုက် ဆောင်ရွက်နေသူ တစ်ယောက်ဖြစ်ပါတယ်။



Photo: ဆုဟန်နီဖြိုး

 

ကြာစိတစ်ယောက် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတာကြောင့် ချစ်ဇနီးနဲ့ သမီးလေးကို ခဏတာ ခွဲခဲ့ရသူပါ။ အခုတော့ ရိုက်ကူး ရေး တွေပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ သမီးလေးကို အလွမ်းသယ်ပြီး လက်ကမချနိုင်တော့ဘူးဆိုတာကို ကြာစိရဲ့ ချစ်ဇနီး လေးက အခုလိုပြောပြထားပါတယ်။

'' သမီးလေး အိပ်လည်း လက်ကမချတဲ့ဖေဖေစိ။ ကလေးထိန်းရင်း ဖုန်းသုံး အလုပ်နှစ်မျိုး တစ်ပြိုင်တည်းလုပ်တဲ့ ဖေဖေ'' ဆိုပြီးတော့ ကြာစိရဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်က တင်ခဲ့တာပါ။ အဲ့ဒီနောက် သမီးလေးကို လက်ကမချတဲ့ ဖေဖေကြာစိရဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: ဆုဟန်နီဖြိုး

သမီးလေးနာမည်ရွေးပေးဖို့ ပရိသတ်ကိုတောင်းဆိုလာတဲ့ ကြာစိ 

ကြာစိရဲ့ သမီးလေးက နိုဝင်ဘာလ ၂၄ ရက်နေ့ကပဲ ၂ လပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီ့အတွက် ဖေဖေ ကြာစိကလည်း သမီးလေးရဲ့ အပြုံး နဲ့ သူ့ရင်ထဲက ခံစားချက်တွေကို အခုလိုရင်ဖွင့်ပြောပြလာပါတယ်။

'' ချစ်သမီးလေး ၂ လပြည့်တဲ့နေ့ အပြုံးလေးတွေ နှလုံးအေးစေတယ် ကွယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၄  ရက်နေ့ ည ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ဓာတ်ပုံတွေကိုလည်း ဆက်လက် တင်ထားတာကို တွေ့ရပါတယ်။

Photo: ဆုဟန်နီဖြိုး

 

ဟာသလူရွှင်တော်၊ သရုပ်ဆောင်ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးဟာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်မှာပဲ တောင်ကြီးမှာရှိတဲ့ မြို့နယ် ဆေးရုံကြီးမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သမီးလေးနဲ့ ချစ်ဇနီးလေးက ကျန်းမာရေးကောင်းတယ်လို့ Duwun  Media ကနေ သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' ကလေးကတော့ ကြည့်စရာမလိုပါဘူး ကျွန်တော်နဲ့ တူတာပေါ့။ စကားတွေလည်း ဝူးဝါး ဝူးဝါးနဲ့ ဘာတွေပြောနေမှန်း မသိဘူး။ တစ်နေ ကုန်ဆို အိပ်ပြီ။ ညဘက်တွေဆို မအိပ်ဘူး။ မိဘတွေက အိပ်နေရင် သူက မျက်လုံးလေး ပွင့်ပြီးတော့ ဟိုကြည့်၊ ဒီကြည့်နဲ့ ကိုယ်တွေလည်း မအိပ်ရ။ သူ့အမေရော၊ ကလေးရော ကျန်းမာရေး ကောင်းပါတယ်'' လို့ ဆိုပါတယ်။

Photo: ဆုဟန်နီဖြိုး

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က