ထင်ထားသလို မဟုတ်ခဲ့ပါဘူး။

နေဝင်း(Snare) ရဲ့ စိတ်နေစိတ်ထားတွေကို သူ့ရဲ့ချစ်သူလေး အိမ့်ချစ်ချောက အခုလိုပြောပြလာပါတယ်။ ချစ်သူသက်တမ်း ၉ နှစ်အကြာ ဖြတ်သန်းခဲ့ရတဲ့ အချစ်ရေးအကြောင်းတွေကို ပြောပြခဲ့ပါတယ်။



Photo: နေဝင်း

 

အဆိုတော်နေဝင်း(Snare) ရဲ့ ချစ်သူကောင်မလေး အိမ့်ချစ်ချောက နေဝင်းအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားတွေကို ပြောပြလာပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ ချစ်သူ သက်တမ်း ၉ နှစ်ကျော်မှာ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို Duwun media ကနေပြောပြခဲ့ပါ သေး တယ်။

'' သူနဲ့ စပြီးတော့ ကြိုက်တုန်းကလည်း လွန်ခဲ့တဲ့ ၉နှစ်တုန်းက သူလည်း အဆိုတော်မဖြစ်သေးဘူး။ စစချင်းတုန်းကဆို သူ့ကို အပြင်ပန်းက ကြည့်ရင် ပွေမယ် ရှုပ်မယ် ဆိုးမယ့် ယောကျ်ားလေးမျိုးလို့ထင်ထားမိတယ်။ ဒါပေယ့် တကယ်တော့ သူက စိတ်ရှည်တယ်။ တစ်ခုခုဆို သူက လျှော့ပေးတာများတယ်။ သည်းလည်း သည်းခံတယ်'' လို့ ဆိုပါတယ်။

Photo: နေဝင်း

 

အိမ့်ချစ်ချောက လက်ရှိမှာ Travel Blogger တစ်ယောက်အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ရင်း ရပ်တည်နေတာဖြစ်ပါတယ်။ နေဝင်း(snare) ကလည်း ဂီတလောကမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အချစ်ရေးကိစ္စမှာ ရှုပ်ရှုပ်ပွေပွေမနေတတ်တဲ့ နေဝင်း အကြောင်း တွေကိုလည်း ပြောပြလာပါသေးတယ်။

'' ညီမသူ့ကို စပြီးတော့ သိတုန်းက ထင်တာဆိုလည်း အဲ့ဒီလိုမျိုးပဲ။ နောက်ပိုင်းသူနဲ့နေပါများလာတော့ သူက အဲ့ဒီလိုမဟုတ်ဘူး။ အဲ့လို ကိစ္စတွေကို စိတ်ကိုမဝင်စားတာ။ ညီမတောင် စိတ်ကောက်ရင် ပြတ်မယ်တို့၊ နောက်ရည်းစားထားမှာတို့ပြောတာ။ သူက အဲ့ဒီလို တစ်ခွန်းမှ မပြောဘူး။ အဲ့ဒီအချက်ကို သဘောကျတယ်။ သူက ယောကျ်ားဆန်တယ်။ ထင်ထားသလိုမဟုတ်ဘူးပေါ့'' လို့ သူကဆိုပါတယ်။

ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ မင်္ဂလာဆောင်တော့မယ့် နေဝင်း 

Photo: နေဝင်း

 

နေဝင်း(Snare) နဲ့ အိမ့်ချစ်ချော တို့ဟာ နေဝင်း အဆိုတော်မဖြစ်ခင်ကတည်းက လက်တွဲလာကြသူတွေဖြစ်ပါတယ်။ အခုချိန်ထိလည်း ခိုင်မာလျှက်ရှိတဲ့ အချစ်ရေးအကြောင်းကိုတော့ နေဝင်း(Snare) ရဲ့ ဆွေမျိုးပါမေ့ အခွေမိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။

'' ဒီဘက်ခေတ်ဆိုရင် အောင်မြင်လာတာနဲ့ အပျော်ရှာတယ်၊ တွဲမသွားချင်တော့တာလိုမျိုး တို့ရှိတယ်။ သူက ကျတော့ အဲ့ဒီလိုမဟုတ်ဘူး ညီမ မလိုက်ချင်တာတောင်မှ အတင်းခေါ်တယ်။ ဒါလေးတွေကတော့ သူ့ရဲ့ ကောင်းတဲ့ အချက်လေးတွေပေါ့နော်။ အဲ့ဒီအချက်လေးတွေကြောင့်ပဲ ညီမလည်း သူ့ရဲ့ဘေးနားမှာ ဒီနေ့အချိန်ထိ အကောင်းဆုံးရှိနေပေးတာပါ'' လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: နေဝင်း

 

နေဝင်းကိုယ်တိုင်ကလည်း O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေး ကိုယ် စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကို လည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် ချစ်သူရ ကံကောင်းသူပါပဲ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က