သဘောတူညီချက်တွေရခဲ့တယ်လို့ဆိုပါတယ်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင် အနောက်ဘက်ကမ်းမှာဖော်ဆောင်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ တရုတ်နိုင်ငံကလည်း ပူးပေါင်းပါဝင်ဖို့ရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ တရားဝင်ထုတ်ပြန်ပါတယ်။



Photo - China Embassy in Yangon



နိုဝင်ဘာလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဌ Mr. Ning Jizhe ဟာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့နဲ့ တွေ့ဆုံပြီးနောက်ပိုင်းခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။



ရန်ကုန်မြို့သစ်ဖော်ဆောင်ရေး အတွက် အရေးပါလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ကနဦးအကျိုးရလဒ်များ မြန်ဆန်စွာပေါ်ထွန်းလာရေး စတဲ့ ကိစ္စတွေကိုဆွေးနွေးဖလှယ်ကြပြီး သဘောတူညီချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။



ရန်ကုုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တဲ့ စီမံကိန်းအကြို အဆိုပြုလွှာ (Pre-Project Documents -PPD) ကို ဟောင်ကောင်စတော့အိတ်ချိန်းဝင် China Communications Cons Company Ltd (CCCC) ကုမ္ပဏီက ရေးဆွဲနေတယ်လို့လည်းသိရပါတယ်။



ရန်ကုန်မြို့သစ်စီမံကိန်း ပထမ အဆင့်အတွက် ဆက်စပ်တဲ့အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ကုန် ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါ တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက NYDC လုပ်ငန်း လည်ပတ်နိုင်ဖို့နဲ့ လို အပ်တဲ့ လေ့လာသုံးသပ်မှုတွေ၊ စီမံကိန်း ရေးဆွဲမှုတွေ လုပ်ဆောင်ဖို့ လက်ရှိမှာ ကျပ်ငွေ ၁ဝ ဘီလီယံ (အမေရိကန်ဒေါ် လာ ၇ မီလီယံ) ထည့်သွင်းထားပါတယ်။



ရန်ကုန်မြို့သစ်စီမံကိန်းပထမ အဆင့်မှာ အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့ ရွာ ငါးရွာ၊ တံတား နှစ်စင်း၊ ၂၆ ကီ လိုမီတာ (၁၆ မိုင်ကျော်) အရှည်ရှိတဲ့ ပင်မလမ်းများ ၊ ၁ဝ စတုရန်းကီလိုမီတာ (ဧက ၂,၅ဝဝနီးပါး) ရှိ စက်မှုဇုန်တစ်ခု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်ရုံတစ် ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုး သန့်စင်စက်ရုံတို့ ပါဝင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က