ဒီနေ့က စိုးပြည့်သဇင် မိခင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူငယ်ချင်းလို နားလည်မှုတွေပေးပြီး မိခင်လို နွေးထွေးတတ်တဲ့ မေမေအတွက် စိုးပြည့် သဇင်က မွေးနေ့ဆုတောင်းစကားဆိုထားပါသေးတယ်။
Photo : စိုးပြည့်သဇင် FB
ပရိသတ်တွေရဲ့ အချစ်တော် စိုးပြည့်သဇင်က ဒီနေ့(နိုဝင်ဘာ၂၉ရက်)မှာ ကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့အတွက် မွေးနေ့ ဆုတောင်း စကား ပြောထားတာ တွေ့ရပါတယ်။ အမြဲတမ်းပြုံးနေတတ်ပြီး ဟာသတွေလည်း ပြောတတ်တဲ့ မိခင်ကြီးအတွက် စိုးပြည့်သဇင်က ယခုလို မွေးနေ့ဆုတောင်းစကားပြောထားတာပါ။
Photo : စိုးပြည့်သဇင် FB
"Happy birthday ချစ်သောမေကြီး အမြဲပြုံးပြုံးနဲ့အေးချမ်းတဲ့မေကြီး .စိတ်ရင်းကောင်းပြီးဟာသတွေလည်းပြောတတ်တဲ့မေကြီး သမီးအပေါ် မှာလည်း သူငယ်ချင်းလိုနားလည်မှုရော မိခင်လိုရောချစ်တဲ့မေကြီး. ဖေကြီးအပေါ်မှာ ရောသားသမီးတွေ အပေါ်မှာပါ တာဝန်ကျေပြီး ဂရုစိုက်တတ်ချစ်တတ်တဲ့မေကြီး သမီး fan တွေအားလုံးကဝိုင်းချစ်တာပါခံရတဲ့မေကြီး မွေးနေ့ကစပြီးအမြဲပျော်ရွှင်စိတ်ချမ်းသာပါစေ.ကျနိးကျန်း မာမာနဲ့ လိုရာဆန္ဒတွေပြည့်ဝပါစေ....တရားထူး တရားမြတ်ကို လည်းရှာတွေ့ပြီး နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်နော်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၉) ရက်နေ့က ရေးသားထားတာပါ။
Photo : စိုးပြည့်သဇင် FB
မွေးနေ့ဆုတောင်းစကားအပြီးမှာတော့ "မေမေ့အလှကိုမမှီတဲ့မေမေ့ရဲ့ချစ်သမီးငယ်ဇင်ဇင်"ဆိုပြီး ရေးထားပါသေးတယ်။ သူမရေးထားတဲ့ မွေးနေ့ဆုတောင်းစကားလေးကို ဖတ်ပြီးပရိသတ်တွေလည်း သဘောကျလို့နေပါတယ်။ စိုးပြည့်ဟာ မိခင်ကို သိပ်ချစ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဘယ်သွားသွားမိခင်နဲ့အတူတူ သွားတတ်သူဖြစ်ပြီး Night Out ထွက်မယ်ဆိုရင်တောင် မိခင်က အမြဲတမ်း ပါတတ်တယ်လို့ သူမက ပြောခဲ့ဖူး ပါတယ်။
Photo : စိုးပြည့်သဇင် FB
စာမေးပွဲခန်းထဲမှာ တရားမှတ်လိုက်ရသေးတယ်ဆိုတဲ့ စိုးပြည့်သဇင်
"စိုးပြည့်က ကလေးဘဝကတည်းက အေးအေးဆေးဆေးနေတတ်တယ်။ Night Out တွေလည်း မထွက်ဖြစ်ဘူး။ ထွက်ဖြစ်လည်း မိသားစုနဲ့ပဲသွားဖြစ်တယ်။ ပြီးတော့ စိုးပြည့်က ရှက်လည်းရှက်တယ်။ ကြောက်လည်းကြောက်တယ်။ မေမေတို့ဖေဖေတို့နဲ့ပဲ သွားဖြစ်တယ်။ မေမေမပါပဲနဲ့ ဘဝမှာ တစ်ခါမှ အပြင်မသွားဖူးဘူး တချို့ကလည်း ထူးဆန်းတယ်လို့ပြောတာ။စိုးပြည့်ကိုယ်တိုင်ကလည်း မပါရင်ကို ဘာလိုနေမှန်းမသိဘူး" စက်တင်ဘာ(၂၂) ရက်နေ့က သူမရဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo : စိုးပြည့်သဇင် FB
အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။