မိုင်းဖုန်းဆရာတော်ကြီးကို အနီးကပ်ဖူးခွင့်ရခဲ့ပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့အတွက် မေ့လို့မရတဲ့ အမှတ်တရနေ့လေးကို ရင်ဖွင့်ပြောပြလာပါတယ်။ အဲ့ဒီနောက် သူပြုလုပ်လျှက် ရှိတဲ့ ကုသိုလ် ကောင်းမှုလေးတွေကလည်း တကယ်ကို ပီတိဖြစ်စရာပါပဲ။

Photo: စင်ရော်မောင်မောင်

 

ဒါရိုက်တာစင်ရော်မောင်မောင်က လက်ရှိမှာ လားရှိုးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ မိုင်းဖုန်းဆရာတော်ကြီးကို ကိုယ်တိုင်အနီး ကပ်ဖူးမျှော်ခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရတာတွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' ဘဝမှာ လုံးဝ မေ့လို့မရတဲ့နေ့ ! ကျေးဇူးကြီးမားသော ကရုဏာရှင် မိုင်းဖုန်းဆရာတော်ကြီး'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် မိုင်းဖုန်းဆရာတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်ဖူးမျှော်ခွင့်ရခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။

Photo: စင်ရော်မောင်မောင်

မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ စင်ရော်မောင်မောင် 

စင်ရော်မောင်မောင်ဟာ အောက်တိုဘာလ ၁၇ ရက်နေ့မှာကျရောက်ခဲ့တဲ့ မွေးနေ့မှာတော့ အနုပညာ လောကသားတွေနဲ့ အတူ ဗဟန်းမြို့နယ်မှာရှိတဲ့ မဟာဝိသုဒ္ဓါရုံကျောင်းမှာ ရှိတဲ့ သံဃာတော် အပါး ၁၄၀ တို့ကိုအလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

'' ကျွန်တော့်ရဲ့ မွေးနေ့မင်္ဂလာ အဖြစ် ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတွင် သီတင်းသုံးတော်မူသော ယောဆရာတော်ကြီးအား အမှူး ထား၍ သံဃာတာ်အပါး(၁၄၀)အား ဆွမ်းကပ်လှူဒါန်းခဲ့ပါသည်။ နတ်လူသာဓု ခေါ်တော်မူကြပါခင်ဗျာ။ ချစ်ခင်လေးစား စွာ ဖြင့် မောင် စင်ရော်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: စင်ရော်မောင်မောင်

 

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ၂၀၁၇ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ကို ရရှိခဲ့ပါတယ်။ဒါရိုက်တာ စင်ရော် မောင်မောင် က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

Photo: စင်ရော်မောင်မောင်

 

ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင် တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင် ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင် ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။

Share

Loading Next Article...
က္က