၇ လ လောက်ကြာနေပြီဖြစ်ပါတယ်။

အဆိုတော်အစ္စဏီကို ရုံးပြောင်းစစ်ဆေးဖို့နဲ့  Cele 7 မှာတင်ထားတဲ့ရုပ်သံဖိုင်နဲ့ ပါတ်သတ်ပြီးတော့ တိုင်းတရားရုံးကို တင်ထားရာမှာ အမိန့်မချသေးတာကြောင့် တာမွေတရားရုံမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။



 

အဆိုတော်အစ္စဏီကို အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတာက ၇ လနီးပါးရှိနေတာဖြစ်ပြီးတော့ အမှုတွဲက ခရိုင်တရားရုံးကနေ အမိန့်မချရသေးတာကြောင့် တာမွေရုံးချိန်းမှာပဲ အမှုစစ်ဆေးဆဲဖြစ်ပါတယ်။

“စွပ်စွဲခံရသူဘက်က ဥပဒေနဲ့ အညီလိုက်လံချေပရာမှာ တရားရုံးတွေရဲ့ ဥပဒေနဲ့အညီ မှန်မှန်မြန်မြန်ဆောင်ရွက်နေတယ်။ တိုင်းဒေသကြီးတက်ရောက်နေဆဲကာလမှာတော့ အမှုတွဲက အောက်ကိုမရောက်သေးဘူးအဲ့အေခြေအနေမှာ ဥပဒေအရ တော့ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံနေရတာပေါ့။ တိုင်းကိုတက်တာက အမိန့်ချမယ့်အဆင့်မှာရှိတော့မယ်။ တိုင်းက တင်ထားတာက ရုံးပြောင်းလျှောက်တာပေါ့။ နောက်ပြီးသက်သေခံ CD ခွေကို ပယ်ဖျက်ပေးဖို့ လျှောက်ထားပါတယ်” လို့ အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။

တိုင်းတရားရုံးကနေ အမိန့်မချသေးခင်အချိန်အထိ တာမွေတရားရုံးမှာ အစ္စဏီက စစ်ဆေးခံနေရတာဖြစ်ပြီးတော့ နောက်ထပ်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၁၃ ရက်နေ့ကို ချိန်းဆိုထားတာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက မော်ဒယ်စူးရှထက်ကို အလိုမတူဘဲ အဓမ္မပြုကျင်ပြီး ကိုယ်လက်နာကျင်အောင်ရိုက်နှက်ခဲ့လို့စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာပါ။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က