ဖမ်းဆီးမရမိသေးပါဘူး။

Tianhsi အမှတ်တံဆိပ်ပါ လူပျံပုံခြင်နိုင်ဆေး ကို အတုအပ ပြုလုပ်ကာ ပြည်တွင်းမှာတရားမဝင် ထုတ်လုပ်ဖြန့်ဖြူရောင်းချနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။



46837289_255263055145788_5166681327344287744_n.png 

လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာမှာနေတဲ့ အသက် ၄၇ နှစ်အရွယ် တရုတ်နိုင်ငံသားရှောင်လီ ဟာ စက်ရုံတည်ထောင်ပြီး Tianhsi တံဆိပ်ခြင်နိုင်ဆေးဘူးတွေကို ဆင်တူရိုးမှာ ကုန်အမှတ်တံဆိပ်တွေကို အတုအပပြုလုပ်ပြီး တရားမဝင် ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချနေတယ်ဆိုပြီး တိုင်တန်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

တိုင်တန်းသူမှာ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် ဦးအောင်သန်း (ခ) မာယော်ဆိုသူဖြစ်ပြီး တရုတ်နိုင်ငံမှာ တည်ထောင်ထားတဲ့ Ziiejiang Huayi Biology Science Technology Corp.,Ltd and Hangzhou Huayi Aerosol Co.,Ltd မှ Tianhsi အမှတ်တံဆိပ်ပါ လူပျံပုံခြင်နိုင်ဆေး ဗူး ထုတ်လုပ်ရောင်းချခွင့်ကို မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ် ရယူထားသူဖြစ်တယ်လို့ ဆိုပါတယ်။

အတုအပပြုလုပ်ရောင်းဝယ်ဖောက်ကားသူ တရုတ်နိုင်ငံသား ရှောင်လီကို သောင်ကြီးနယ်မြေရဲစခန်းက (ပ) ၁၁၈၆/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ (လိမ်လည်မှု၊အတုပြုလုပ်မှု) တို့နဲ့ အမှုဖွင့်ထားပေမယ့် လက်ရှီအချိန်ထိတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က