လာမယ့်ဇန်နဝါရီလထဲမှာ နောက်ထပ်ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ ကျင်းပသွားမှာပါ

၂၀၁၅ ခုနှစ်ကနေ စတင်ကျင်းပလာခဲ့တဲ့ Cyber Security Challenge ပြိုင်ပွဲများဟာ လက်ရှိအချိန်အထိ ကျေနပ်စရာ ရလဒ်ထွက်မလာသေးဘူးလို့အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုမှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။

42592183_2373368529344465_1282456159181078528_o.jpg

Photo: mmCERT

 

မြန်မာလူငယ်များအကြား ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိအမြင်နဲ့ကျွမ်းကျင်မှုများ တိုးတက်လာစေဖို့ရည်ရွယ်ပြီး Myanmar Cyber Security Challenge ပြိုင်ပွဲတွေကို ကျင်းပလာခဲ့ပေမယ့် ပြိုင်ပွဲဝင်တွေရဲ့ လူငယ်တွေရဲ့ အရည်အသွေးပိုင်းမှာ အားရစရာ မရှိသေးဘူးလို့mmCERT မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က ဆိုပါတယ်။

"သိပ်တော့အားမရသေးဘူး။ အားမရသေးဘူးဆိုတာကလည်း ကိုယ့်နိုင်ငံက ကလေးတွေရဲ့ အခြေအနေလည်း ပါတာပေါ့။သူများ နိုင်ငံတွေမှာတော့ မိဘတွေကလည်း အဆင်ပြေတယ် နိုင်ငံကလည်းချမ်းသာတယ်။ ပံ့ပိုးမှုလည်း ရှိတယ်။ နိုင်ငံက မပံ့ပိုးရင်တောင် ကလေးတွေက သူ့ဘာသာသူ ရပ်တည်နိုင်တယ်။ ဒီလို cyber challenge တွေထိုင်ဖြေနေတာ။ ကိုယ့်ဆီမှာ ကလေးတွေက ရုန်းကန်နေရတာကိုး"

၂၀၁၉ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စတုတ္ထအကြိမ်မြောက် Myanmar Cyber Security Challenge (2019) ကို နေပြည်တော်မှာ ကျင်းပဖို့စီစဉ်နေပါတယ်။ ဒီပွဲမှာတော့ တက္ကသိုလ်ကျောင်းသားတွေပဲ သီးသန့်ဝင်ရောက်ယှဉ်ပြိုင်ဖို့ကန့်သတ်ထားပြီး ဆုရတဲ့ ပြိုင်ပွဲဝင်တွေကို စကာၤပူ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲဆီ စေလွှတ်သွားမယ်လို့ဆိုပါတယ်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ကြီးမှူးကျင်းပနေတဲ့ Cyber Security Challenge မှ ထူးချွန်သူများကို ပြည်ပပို့ပြီး ပြိုင်ပွဲဝင်စေခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက စကာၤပူမှာ ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲမှာ အာဆီယံ ၁၀ နိုင်ငံမှ အသင်းပေါင်း ၃၆ သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းမှ အဆင့် ၂၁ ရခဲ့ပါတယ်။

Photo: mmCERT

 

ဆုကြေးအနေနဲ့၂၀၁၈ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲမှာတော့ ပထမဆု ကျပ် ၁၀ သိန်း ၊ ဒုတိယဆု ၇ သိန်း နဲ့တတိယဆု ကျပ် ၅ သိန်း ပေးခဲ့ပါတယ်။

 

Share

Loading Next Article...
က္က