မကြာခင် ပရိသတ်တွေရှေ့ရောက်လာတော့မှာတဲ့။

မကြာခင် ပရိသတ်တွေလက်ထဲ သီချင်းအသစ်လေးတွေ ရောက်ရှိလာတော့မှာလို့ ဆိုတေးက ပြောပါတယ်။ သီချင်းတွေကို နားထောင်လိုက်ရုံနဲ့ ဆိုတေးရေးထားမှန်း သိသာစေမယ့် သီချင်းလေးတွေပါတဲ့။

 

ကားအက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်း ဂီတလောက ကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ ဆိုတေးဟာ အခုဆိုရင် အရင်က လိုပဲ သီချင်းတွေ ပြန်ဆိုနေနိုင်ပါပြီ။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော် ဆိုတေးက သီချင်းသစ်တွေ ဖန်တီးနေပြီလို့ သိရပါတယ်။

Photo : ဆိုတေး FB

တတိယခွေ ထွက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဆိုတေး 

မကြာခင်မှာလည်း ပရိသတ်တွေအတွက် ခံစားမှု အသစ်တွေ ပေးစွမ်းနိုင်အောင်ကြိုးစားနေတယ်လို့ ဆိုပါတယ်။

"သီချင်းအသစ်လေး..လေးပုဒ်လုပ်နေတယ်...အတီးဒီညနေရမှာမို့..အသံစမ်းဆိုကြည့်ရမယ်...မကြာခင်မှာ ပရိတ်သတ်ရှေ့မှောက်ကို ရောက်ရှိ လာပါတော့မယ် ခင်ဗျ။သီချင်းကိုနားထောင်လိုက်တာနဲ့..ဆိုတေးရေးတာအသေချာပဲဆိုပီးသိသွားရမယ့်အဆွေးလေးတွေပေါ့လေ" ဆိုပြီး နိုဝင်ဘာ(၂၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ဆိုတေး FB

 

ဆိုုတေးအနေနဲ့ လက်ရှိမှာ နယ်ရှိုးပွဲတွေကိုုလည်း တစ်ခါတလေမှာ သွားရောက်ဖျေ်ာဖြေဖြစ်တယ်လို့ သိရပါတယ်။ နယ်တွေမှာ သီချင်းသွား ဆိုတဲ့ အခါမှာလည်း သူ့ကို ဆိုတေးမှန်း ပရိသတ်တွေက မမှတ်မိကြပဲ ဆိုတေး အတုကြီးဆိုပြီး ပြောကြတာတွေတောင် ရှိခဲ့တယ်ဆိုပြီး သူ့ရဲ့ အမှတ်တရလေး တစ်ခုကို ပြန်ပြောပြခဲ့ပါတယ်။

"ကိုဆိုတေး သီချင်းခွေ မထွက်ဖြစ်တော့ဘူးထင်တယ်တဲ့။ မဆိုနိုင်ဘူးဆိုပြီး အခုချိန်ထိ ပြောနေတာ ကြားရတယ်။ ကျွန်တော်စင်ပေါ်မှာ ဆိုနေတာတောင် အဲ့ဒါ ဆိုုတေးမဟုတ်ဘူး။ အတုကြီးလို့ ပြောကြတယ်။ ကျွန်တော်မှာ  အပြောခံနေရတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် တွေက သိကြပါတယ်။ ကျွန်တော့်သီချင်းလေးတွေကိုလည်း အခုထိ အားပေးကြလို့ အရမ်းပျော်မိပါတယ်" ဆိုပြီးသြဂုတ်လ(၂၂) ရက်နေ့ကျင်းပပြုလုပ်ခဲ့တဲ့ ဖိုးပြည့်ရဲ့ "မင်းသားကြီး" တေးစီးရီးမိတ် ဆက်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : ဆိုတေး FB

 

အဆိုတော် ဆိုတေးဟာ ကားအက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်းမှာ ဘုရားတရားတွေလည်း ပိုလုပ်ဖြစ်လာတာ တွေ့ရပါတယ်။ ဘုရားတရား လုပ်ဖြစ် သလို မိဘတွေကိုလည်း ပိုပြီး သိတတ်လာတယ်လို့ သိရပါတယ်။သူ့အနေနဲ့  အက်ဆီးဒင့် ဖြစ်သွားတဲ့အတွက် ကြန့်ကြာနှောင့် နှေးမှု လေးတော့ ဖြစ်သွားတယ်လို့ဆိုပါတယ်။

ဆိုတေးဟာ ဂီတလောကမှာ  အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူဟာ မီးအိမ်ရှင် တေးစီးရီးနဲ့"မင်္ဂလာပါ"တေးစီးရီးတို့ ထွက်ရှိပြီးနောက်ပိုင်း အမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်သွားရာက ကျန်းမာရေးချို့ယွင်းသွားခဲ့ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဖြစ်ပါတယ။်

Share

Loading Next Article...
က္က