ဒီကနေ့အချိန်ထိ အသင်းနဲ့ လေ့ကျင့်ခန်း ပူးပေါင်း နိုင်ခြင်းမရှိသေးပါဘူး။

ဖူဟမ်နဲ့ ကစားခဲ့တဲ့နိုဝင်ဘာလ ၂ ရက်နေ့ လိဂ်ဖလားပွဲမှာ ဒုတိယအကြိမ် ဒူးဒဏ်ရာ ပြန်လည်ရရှိပြီး ဒဏ်ရာဟောင်း ပြန်ထလာလို့ နောက်ထပ် ၆ ပတ်အနားယူနေရတာပါ။

Photo - independent.ie

 

ဘယ်လ်ဂျီယံ နိုင်ငံသား ဒီဘရိုင်းကတော့ ဒူးဒဏ်ရာကြောင့် ၆ ပတ်လောက် အနားယူနေခဲ့ရသူ ဖြစ်ပြီး လာမယ့် တစ်ပတ် ပွဲစဉ်တွေကိုလည်း လွဲချော်ရဖို့ များနေပါတယ်။

ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ ကြိုတင်သဘောတူညီမှု ရခဲ့တဲ့ မန်စီးတီးကြယ်ပွင့် 

စနေနေ့မှာ ကစားရမယ့် ဘုန်းမောက်နဲ့ ပွဲစဉ်ကို သေချာပေါက် နီးပါး လွဲချော်ဖို့ ရှိနေသလို လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာ ကစားရဦးမယ့် ချဲလ်ဆီးနဲ့ ပွဲကြပ်ကိုလည်း ပါဝင်ဖို့ မသေချာပါဘူး။

Photo - FootballOrgin

 

Goal.comရဲ့ ဖော်ပြချက်အရ ဒီဘရိုုင်းဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်သေးခြင်း မရှိသေးပဲ ဒီနေ့ အချိန်ထိ နားနေရဆဲပဲလို့ သိရပါတယ်။

ပွဲကြပ်ကာလ ဖြစ်တာကြောင့် ကြားရက်မှာ ဝက်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားရပါဦးမယ်။ ဒီပွဲကိုလည်း ဒီဘရိုင်း ပါဝင်နိုင်ဖို့ မမြင်ပဲ ဆက်လက်လွဲချော်နေဖို့ များပါတယ်။

Photo - The Telegraph

 

ဝက်ဖို့ဒ်နဲ့ ပွဲကိုသာ မပါဝင်နိုင်သေးဘူးဆိုရင်တော့ ၉ ရက်နေ့မှာ ကစားရမယ့် ချဲလ်ဆီးနဲ့ပွဲကို ပါဝင်နိုင်ဖို့ ရာခိုင်နှုန်းက အင်မတန်နည်းသွားပြီ လို့ ဆိုနိုင်ပါတယ်။

သြဂုတ်လတုန်းက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသလို ဒီတစ်ကြိမ်ရတဲ့ ဒူးဒဏ်ရာကလည်း ဒုတိယအကြိမ်ရရှိထားတာ ဖြစ်ပါတယ်။ ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ဒီဘရိုင်းကတော့ မနှစ်က အသင်းအတွက် ခြေစွမ်းပြ ကစားပေးနိုင်ခဲ့သလောက် ဒီနှစ်မှာတောာ့ ဒဏ်ရာတွေနဲ့ နပန်းလုံးနေရလို့ ကောင်းကောင်းမကစားပေးနိုင်သေးပါဘူး။

စပါးကို ၁ - ၀ နဲ့ နိုင်ခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ပရီးမီးယားလိဂ်ပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့ပြီး အဲ့နောက် မှာတော့ ဖူဟမ်အသင်းနဲ့ပွဲမှာ ပွဲထွက် ပါဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆောက်သမ်တန်၊ရှက်တာ၊မန်ယူ၊ဝက်စ်ဟမ်း၊လိုင်ယွန်တို့နဲ့ ပွဲတွေမှာတော့ တောက်လျှောက် မပါဝင်လာခဲ့တာ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း ကစားရမယ့် ၃ ပွဲစလုံးကိုလည်း ပါဝင်နိုင်ဖို့ ရာခိုင်နှုန်း အင်မတန်နည်းနေတာပါ။

Share

Loading Next Article...
က္က