ဒါကတော့ ဂျပန်နိုင်ငံက နာမည်ကျော် ဒါရိုက်တာတွေဖြစ်ကြပါတယ်တဲ့။

ခင်လှိုင်ရဲ့ အနုပညာကို အားပေးကြသူတွေထဲမှာတော့ ဂျပန်နိုင်ငံက နာမည်ကျော် ဒါရိုက်တာကြီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူ ဟာ အနုပညာနဲ့ ပတ်သက်လာရင် တကယ်ကို တော်တဲ့ ဇာတ်ပို့တစ်ယောက်ဖြစ်ပါတယ်။



Photo: ခင်လှိုင်

 

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာကို အားပေးကြတဲ့ ပရိသတ်အများကြီးထဲမှာ ဂျပန်နိုင်ငံက နာမည်ကျော်ဒါရိုက်တာတွေလည်း ပါဝင်တယ် လို့ သိရပါတယ်။ ဂျပန်လူမျိုး ဒါရိုက်တာတွေဟာ ခင်လှိုင်ရဲ့ အနုပညာအရည်အချင်းကို သဘောကျတာလွန်းတာကြောင့် ဖုန်းနံပါတ်ကို မဖြစ်ဖြစ်အောင် ဆက်သွယ်မေးမြန်းပြီး လာတွေ့ခဲ့ကြတယ်လို့ ခင်လှိုင်က ပြောပြခဲ့ပါတယ်။

'' ဒီည ဂျပန်နိုင်ငံက နာမည်ကြီးဒါရိုက်တာတွေက မြန်မာနိုင်ငံကို ပထမတစ်ခေါက်ရောက်တဲ့အချိန်မှာ ကျွန်တော်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခိုးဆိုး လုနှိုက် ၂ ၊ တောကျီးကန်းဇာတ်ကားကို ကြည့်ခဲ့ရလို့ သဘောကျ ပြီး ဒီတစ်ခေါက် မြန်မာပြည်ကိုပြန်လာတဲ့အချိန်မှာ ကျွန်တော့ဖုန်းကို ရအော င်စုံစမ်းပြီးဆက်သွယ်ခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ခင်လှိုင်

 

ဂျပန်နိုင်ငံက နာမည်ကျော်ဒါရိုက်တာတွေဟာ ခင်လှိုင်ရဲ့ ပရိသတ်တွေဖြစ်တာကြောင့်လည်း ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ နောက် အမှတ်တရလက်ဆောင်တွေလည်း ပေးခဲ့တယ်ဆိုတာကို နိုဝင်ဘာလ ၃၀ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

''ညစာလဲကျွေးတယ် ကီမိုနိုတွေလဲလက်ဆောင်ပေးတယ်။ သူတို့ရိုက်ထားပြီး ဂျပန်မှာလက်ရှိအောင်မြင်နေတဲ့ ဇာတ်ကားတွေလည်း လက်ဆောင်ပေးသွားတယ်။ ကျွန်တော်အရမ်းပျော်မိတယ်ဗျာ။ ဆက်သွယ်ပေးတဲ့ဒါရိုက်တာကိုပေါက်ရယ် စကားပြန် ဦးမင်းမြင့်စိုးတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျာ'' လို့ ဆက်လက်ပြောပြထားပါတယ်။

ဂွမ်းပုံလေးကို ကန်တော့ခဲ့ကြတဲ့ ခင်လှိုင်တို့ မိသားစု 

Photo: ခင်လှိုင်

 

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: ခင်လှိုင်

 

ခင်လှိုင့်ကိုတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က