ဒီဇင်ဘာ ပထမအပတ်အတွင်း စာချုပ်မယ်လို့ သိရပါတယ်။

နန္ဒကျော်က ရှမ်းအသင်းနဲ့ ပူးပေါင်းတော့မယ်လို့ ယူဆရတဲ့ ပို့စ်တစ်ခုကို သူ့ရဲ့ ကိုယ်ပိုင် လူမှု စာမျက်နှာထက်မှာ ဖော်ပြခဲ့တဲ့အပေါ် Duwun Sports က ကစားသမားကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

 

မကွေးအသင်းက မြန်မာ့လက်ရွေးစင် ဘယ်နောက်ခံလူ နန္ဒကျော်က လာမယ့် ၂၀၁၉ ဘောလုံးရာသီသစ်မှာတော့ ရှမ်းယူနိုက်တက်အသင်းကို ပြောင်းရွှေ့ ကစားပါတော့မယ်။

အောင်သူကို ခေါ်ယူနိုင်ဖို့ Sapporo အသင်း ဒီဇင်ဘာ ၄ ရက်နေ့ လာရောက်ဆွေးနွေးမည် 

နန္ဒကျော်အနေနဲ့ သူ့ရဲ့ ကိုုယ်ပိုင် လူမှု စာမျက်နှာထက်မှာ ရာသီသစ်အတွက် ရှမ်းအသင်းနဲ့ စတင်တော့မယ်လို့ ယူဆလို့ ရမယ့် ပို့စ်တခုကို တင်ခဲ့တာကြောင့် DuwunSportsက ကစားသမားကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

 

"ဟုတ်ပါတယ်၊ ကျွန်တော် ရှမ်းအသင်းနဲ့ လက်တွဲပါတော့မယ်။ ဒီလာမယ့် ဒီဇင်ဘာ ပထမအပတ်ထဲမှာ စာချုပ်ချုပ်မယ်။စာချုပ်သက်တမ်းက တော့ ၂ နှစ်ချုပ်ဖြစ်ပါမယ်။" လို့ နန္ဒကျော်က DuwunSportsကို ဖြေကြားခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နှစ် ၂၀၁၉ ဘောလုံးရာသီမှာ AFC CUP ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာကြောင့် ကစားသမားအင် အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

 

နည်းပြချုပ်နေရာမှာလည်း ယခင်နည်းပြ မာဂျန်ကို ထုတ်ပယ်ပြီး လူငယ်အသင်းနည်းပြဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ဦးမင်းသူကို ပြောင်း လဲခန့်အပ်ထားပါတယ်။

နန္ဒကျော်အနေနဲ့လည်း ၂၀၁၈ ဆူဇူကီးဖလား ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားထားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးမှသာ လေ့ကျင့်မှုများ ပူးပေါင်းမယ်လို့လည်း ဆိုပါတယ်။

Photo - Shan Utd fc

 

ရှမ်းယူနိုက်တက်အသင်းကတော့ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ အဆင့် ၂နေရာနဲ့ရာသီသိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ပြင် ဆင်မှုတွေကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ပြန်လည်စတင်နေခဲ့ပါပြီ။

Share

Loading Next Article...
က္က