ဒီဇင်ဘာလအစလေးမှာ သူမဘာတွေ ဆုတောင်းပေးထားမလဲ။

ပရိသတ်တွေရဲ့ အချစ်တော် ဝတ်မှုံရွှေရည်က ချစ်တဲ့သူတွေ အားလုံး ဒီဇင်ဘာလမှာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးခဲ့ ပါတယ်။

G-Shock ပွဲကို တက်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်

 

ပရိသတ်တွေရဲ့ အချစ်တော် ဝတ်မှုံရွှေရည်က ဒီဇင်ဘာလအစ လေးမှာ ပရိသတ်တွေအတွက် ဆုတောင်းစကားလေး ပြောထားပါတယ်။ သူမရဲ့ မွေးနေ့ သြဂုတ်လပြီးရင် သူမအကြိုက်ဆုံး နောက်ထပ် လတစ်လရှိပါတယ်တဲ့။ အဲ့ဒီလက ဒီဇင်ဘာလပါပဲ။ ပွဲလမ်းသဘင်တွေ များပြီး အေးချမ်းတဲ့ ဒီဇင်ဘာလလေးမှာ ပရိသတ်တွေအတွက် ဝတ်မှုံရည်က ယခုလို ဆုတောင်းစကားလေး ပြောထားတာပါ။

G-Shock ပွဲကို တက်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်

 

"ကစ် မွေးလလေးဖြစ်တဲ့ August လလေးပြီးရင် ကစ် နောက်ထပ်အကြိုက်ဆုံး လလေး ဖြစ်တဲ့ December ကိုရောက်ခဲ့ပြန်ပြီပေါ့နော်။ နှစ်တစ်နှစ်ရဲ့နောက်ဆုံုးစာမျက်နှာ လေးဖြစ်သလို အေးချမ်းတဲ့ ရာသီ ၊ပွဲလမ်းသဘင် တွေ X'mas New Year countdown တွေနဲ့ ပျော်စရာလရာသီလေးလည်း ဖြစ်လို့ ကစ်ကတော့ အရမ်းကြိုက်တယ်။ ကစ်ကို ချစ်တဲ့သူတွေလည်း အေးချမ်းတဲ့ December လလေးမှာ ပျော်ရွှင်ကြပါစေ ကံကောင်းမှုတွေ ပိုင်ဆိုင်ကြပါစေလို့" ဆိုပြီး ဒီဇင်ဘာ၁ရက်နေ့  သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

G-Shock ပွဲကို တက်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်

အောင်ဇဗ္ဗူတောရကျောင်းမှာ တရားစခန်းဝင်ခဲ့တဲ့ ဝတ်မှုံရွှေရည် 

ပရိသတ်တွေအတွက် သူမက ဆုတောင်းစကားပြောထားသလို ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်အတွက် ပြန်ပြီး ဆုတောင်းစကားတွေ ပြောထားကြပါတယ်။ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ  ပွဲလမ်းသဘင်တွေ တက်ဖြစ်နေသလို ကြော်ငြာရိုက်ကူးမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်နေရတာ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

G-Shock ပွဲကို တက်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်

 

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က