နောက်ဆုံး ကစားထားတဲ့ ဘူကစ်ဂျာလီကွင်း ၂ ပွဲဆက်လည်း အနိုင်မရခဲ့သလို အခုတစ်ကြိမ်လည်း အနိုင်မယူနိုင်ခဲ့တာကြောင့် ဘူကစ်ဂျာလီ ကွင်းမှာ အနိုင်မရနိုင်တဲ့ စံချိန်ဆိုးကို မချေဖျက်နိုင်ပဲ ရှိနေခဲ့တာပါ။
Photo - AFF SUZUKI CUP
မလေးရှားနဲ့ ထိုင်းအသင်းတို့ကတော့ ၂၀၁၈ ခုနှစ် အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဒီကနေ့မှာ မလေးရှားနိုင်ငံက ဘူကစ်ဂျာလီကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
အောင်သူကို ဂျေလိဂ်(၂)နဲ့ ထိုင်းလိဂ်(၁)က နှစ်သင်းသာ တရားဝင်ကမ်းလှမ်းထား
ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုများနဲ့ ပွဲကြည့်ပရိသတ်ကို တစ်ဝါးဝါး တစ်ဟားဟား ဖြစ်စေခဲ့ပါတယ်။ ဒါပေ မယ့်လည်း ပွဲပြီးဆုံးတဲ့အချိန်အထိ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်လို့ ဂိုးမရှိသရေနဲ့သာ ပွဲပြီးခဲ့ပါတယ်။
Photo - AFF SUZUKI CUP
ပွဲမစခင်က ထိုင်းနည်းပြ ရာဂျီဗက်က ဘူကစ်ဂျာလီမှာ လာကစားတိုင်း မနိုင်ဘူးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြမယ်လို့ ကြုံဝါးခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ဖြစ်မလာပါဘူး။
ထိုင်းအသင်းအနေနဲ့ ၂၀၁၂ ခုနှစ်တုန်းက တစ်ကြိမ် ၂၀၁၄ ခုနှစ်တုန်းက တစ်ကြိမ် မလေးရှားမြေဖြစ်တဲ့ ဘူကစ်ဂျာလီကွင်းကြီးအတွင်း ဆူဇူကီး ဖလားကိုပဲ လာကစားဖူးပါတယ်။
Photo - AFF SUZUKI CUP
အဲ့တုန်းကလည်း တစ်ပွဲသရေ တစ်ပွဲရှုံးရလဒ်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့ပြီး နိုင်ပွဲလုံးဝမရှိထားပါဘူး။ ဒါပေမယ့် အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် အဲ့ ဒီနှစ်ကြိမ်စလုံးက ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေ ဖြစ်ပြီး ဆူဇူကီးရဲ့ စည်းမျဥၤးအရ နှစ်ကျော့ ကစားရတာကြောင့် အိမ်ကွင်း ရာဇမင်္ဂလာ ကွင်းကြီး မှာ ပြန်အနိုင်ယူပြီး နှစ်ကြမ်စလုံးထိုင်းအသင်းကသာ ရလဒ်ကောင်းခဲ့ပါတယ်။
အခုတစ်ကြိမ်မှာလည်း ထိုင်းအသင်းက ဘူကစ်ဂျာလီကွင်းကြီးမှာ အနိုင်မရဘူးဆိုပေမယ့် ဒုတိယအကျော့အဖြစ် ထိုင်းနိုင်ငံမှာ လာမယ့် ဒီဇင် ဘာလ ၅ ရက်နေ့မှာ ပြန်လည်ကစားရပါဦးမယ်။
မလေးရှားနဲ့တွေ့တိုင်း ဘူကစ်ဂျာလီကွင်းကြီးမှာ မနိုင်ပေမယ့် အမြဲတမ်း နှစ်ကျော့စနစ်မှာ အသာရယူထားနိုင်တဲ့ ထိုင်းအသင်း ဒုတိယအကျော့ မှာ ရလဒ်ကောင်းနိုင်မလား မလေးရှားအသင်းကပဲ အနိုင်ယူသွားနိုင်မလား စိတ်ဝင်စားဖွယ် ဆက်လက်စောင့်ကြည့်ရတော့မှာပါ။
မနက်ဖြန်မှာတော့ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲတစ်ပွဲအဖြစ် ဖိလစ်ပိုင်အသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဖိလစ်ပိုင်နိုင်ငံမှာ ထပ်မံ ကစား သွားဦးမှာပါ။
Share