မေတိုးခိုင်က ပြေတီဦးက အရမ်းကိုပျော်စရာကောင်းတဲ့ ဦးလေးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အောင်မြင် တဲ့ အနုပညာ ရှင်တစ်ယောက် ဖြစ်တာကြောင့်လည်း လေ့လာသင်ကြားဖြစ်တာတွေရှိတဲ့အကြောင်း ဆက်လက်ပြောပြထားပါတယ်။
မေတိုးခိုင်က အနုပညာနဲ့ ပတ်သက်လာရင် ပရိသတ်အားပေးမှုရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ခင်ပွန်း ပြေတီဦးရဲ့ အကြောင်းကို Duwun Media ရဲ့ အင်တာဗျူးမှာ မေတိုးခိုင်က အခုလို ပြောပြထားပါတယ်။
'' ဦးတီက အရမ်းပျော်ဖို့ကောင်းတဲ့ ဦးလေးတစ်ယောက်ပါ။ အိမ်ပေါ်လာပြီဆို ဟိုးအောက်ကတည်းက သူ့အသံက ကြားရတယ်။ လူမရောက်သေးဘူး သူ့အသံချည်းပဲ အရမ်းကြားရတယ်။ အိမ်မှာဆိုရင်လည်း အမြဲတမ်း သူ့ကြောင့် ရယ်ရတာ ပိုများတယ်။ အရမ်းလည်း ခင်ဖို့ကောင်းတဲ့ ဦးလေးတစ်ယောက်ပါ'' လို့ ဆိုပါတယ်။
သူမဟာ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေရတာကလည်း အဒေါ်ဖြစ်သူရဲ့ရာနှုန်းပြည့် သင်ကြားပြသမှုတွေကြောင့်လို့ ပြောပါတယ်။ အဲ့ဒီနောက် ဦးလေးဖြစ်သူ ပြေတီဦးဆီကလည်း အနုပညာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ရခဲ့သေးတယ်လို့ ဆိုပါတယ်။
'' အနုပညာနဲ့ ပတ်သက်လာရင်လည်း ကြုံရင် ကြုံသလိုအမြဲပြောပြတယ်။ တစ်ခုခုဆိုရင် ရှင်းပြတာအရမ်းတော်တယ်။ ကျောင်းဆရာတောင် လုပ်လို့ရတယ်။ တစ်ခုခုဆို အချက်အလက် ကျကျ ရှင်းပြနိုင်တယ်'' ဆိုတာကို နိုဝင်ဘာလ ၃၀ ရက်နေ့က ပြေတီဦးရဲ့ မွေးနေ့ အလှူမှာ ဖြေဆို ခဲ့တာဖြစ်ပါတယ်။
ပရိသတ်မသိသေးတဲ့ အိန္ဒြာကျော်ဇင်အကြောင်းပြောလာတဲ့ မေတိုးခိုင်
မေတိုးခိုင်ဟာ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး ဖြစ်ပါတယ်။ ပြေသုဒါ၊ ပြေဓီရ တို့ရဲ့ အစ်မ တစ်ဝမ်းကွဲတော်စပ်သူပါ။ တစ်ချိန်က သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးဖြစ်လို့ ပရိသတ်တွေ သတိထားမိခဲ့ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ဖြစ်နေပါပြီ။
မေတိုးခိုင်က အနုပညာအလုပ်နဲ့ပတ်သက်ပြီး ပံ့ပိုးပေးတဲ့ အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်ကို အရမ်းကျေးဇူးတင်တဲ့အကြောင်းတွေ မီဒီယာအင်တာဗျူးတွေမှာ ပြောပြလေ့ရှိပါတယ်။အဲ့ဒီနောက် ပရိသတ်တွေအနေနဲ့ကလည်း မေတိုးခိုင်ရဲ့ အနုပညာအလုပ်တွေကို လည်း အားပေးဝေဖန်ပေးကြဖို့ ဆက်လက်ပြောပြထားပါသေးတယ်။