သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။

နန်းသူဇာက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့ကို ရန်ကုန်ကလေးဆေးရုံကြီးမှာ အလှူအတန်းတွေလုပ်ခဲ့ တာကို တွေ့ရ့ပါတယ်။ ဒီအလှူနဲ့ ပတ်သက်ပြီး ပီတိစကားတွေကိုလည်း နန်းသူဇာက ပြောပြထားပါသေးတယ်။



Photo: နန်းသူဇာ

 

နန်းသူဇာက သူ့ရဲ့ မွေးနေ့မှာ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့အလှူ ဘုရားသွား ကုသိုလ်ပြုပြီးနောက် အလှူအတန်းတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူကိုတော့ ရန်ကုန်ကလေးဆေးရုံကြီးမှာရှိတဲ့ လူနာများအတွက် ထမင်း၊ ဟင်း စသည်တို့ကို အာဟာရ ဒါနလှူခဲ့တယ် လို့ နန်းသူဇာက ပြောပြထားပါတယ်။

'' မွေးနေ့ အလှူ အစိုးရကလေးဆေးရုံကြီးမှာ ဒီနေ့ ကြက်ကြော် ထမင်း နဲ့ သီးစုံဟင်း လှူခဲ့ပါတယ်။ လူကြီးဆေးရုံကြီးလှူသလို ကလေးဆေးရုံ မှလဲ လှူကြပါနော် လူနာကလေးတွေ ရော လူနာစောင့် လူကြီးတွေရော အများကြီးရှိပါတယ်။ အလှူရှင် က ဆေးရုံကြီးလောက် မများကြဘူး။ နောက်ခါတွေဆို များများလှူနိုင်ချင်ပါတယ်။ ကလေး ကင်ဆာဌာနမှာ သွားလှူဖို့ ပိုက်ဆံစုလိုက်ဦးမယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: နန်းသူဇာ

 

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အဆိုတော် နန်းသူဇာရဲ့ မွေးနေ့မှာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေက အစောဆုံး မွေးနေ့ ဆုတောင်း စကားပြောခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့ စုံတွဲကလည်း ပရိသတ် အားကျစရာ စုံတွဲလေး တစ်တွဲဖြစ်ပါတယ်။

''Happy Birthday thae tone layy. အမြဲတမ်း ကျန်းမာ ပျော်ရွှင် ချမ်းသာပါစေ။ sweet december လေး ''  ဆိုပြီးတော့ ကျော်ထွဋ်ဆွေရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၂:၀၀ က ရေးသားခဲ့တာပါ။ အဲ့ဒီနောက် သူတို့ရင်ထဲက စကားလေးတွေကို ဖော်ပြထား တဲ့  ချစ်သူ လေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

ချစ်သူက လက်ထပ်ခွင့်တောင်းမယ့်နေ့ကို စောင့်နေတယ်ဆိုတဲ့ နန်းသူဇာ 

Photo: နန်းသူဇာ

 

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါ တယ်။ ကျော် ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က