စာမေးပွဲပြီးချိန် ခရီးထွက်ခဲ့ပါတယ်။

စိုးပြည့်သဇင်က စာမေးပွဲပြီးလို့ ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ဒီခရီးမှာတော့ ဝိတိုရိယ တောင်ကို ပင်ပင်ပန်းပန်း တက်ခဲ့ရတဲ့ အကျိုးကိုလည်း ပြောပြလာပါတယ်။

Photo: စိုးပြည့်

 

ပရိသတ်အချစ်တော်မလေး စိုးပြည့်သဇင်ဟာ မကြာခင်က မြန်မာစာ နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုခဲ့ပြီးပြီဖြစ်ပါတယ်။ စာမေးပွဲပြီးတဲ့အချိန်မှာ ခရီးတွေထွက်ရင်း၊ တောင်တွေလည်းတက်ခဲ့ရတဲ့ ခံစားချက်ကို အခုလို ပြောပြထားပါတယ်။

''အရမ်းလှတဲ့ ဝိတိုရိယတောင်ကိုတက်ခဲ့တယ်။ အရမ်းအေးပြီး ပင်ပန်းပေမဲ့ တွေ့လိုက်ရတဲ့အလှအပတွေကြောင့်  မောတာတောင် ပျောက်သွားတယ်။ တောင်က မြင့်လွန်းတော့ တိမ်စိုင်လေးတွေက ကိုယ့်အောက်မှာ လှလိုက်တာ လှလိုက်တာဆိုတာလေ။ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝ အလှတရားတွေကို အရမ်းမြတ်နိုးတာဘဲ''ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: စိုးပြည့်

စိုးပြည့်ကလိမ္မာတဲ့ သမီးလေးဖြစ်ကြောင်းပြောလာတဲ့ ဒေါ်မာလာခင် 

စိုးပြည့်သဇင်က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြီးခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မြန်မာစာ အဝေးသင်နောက်ဆုံးနှစ်ကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။ စာမေးပွဲဖြေနေချိန်မှာလည်း နိုဝင်ဘာလ ၂၂ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ တောင်ငူကေတုမတီမြို့တည်နန်းတည်(၅၀၈)နှစ်ပြည့်ပွဲတော်ကြီးမှာ ဘုရင့်သမီးတော် မင်းသမီးလေးအဖြစ် ပါဝင်ခဲ့တာပါ။

Photo: စိုးပြည့်

 

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo: စိုးပြည့်

 

လက်ရှိမှာတော့ စိုးပြည့်သဇင်က စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့ အတူ မင်းသမီးပိုးထည်တိုက်ဆိုတဲ့ ပိုးထည်ဆိုင်ကို ဖွင့်ထားတာ ဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုပြီးသွားပြီဖြစ်လို့ မကြာခင်မှာလည်း အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့အတွက် သူ့ရဲ့ ပရိသတ်တွေက မျှော်လင့်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က