တကယ်ကို ပီတိဖြစ်စရာပါ။

တက္ကသိုလ် ဂွမ်းပုံလေးတို့ ဇနီးမောင်နှံက သန်လျှင်မြို့မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေရင်း ရွာဦးအရှေ့ကျောင်းတိုက်မှာရှိတဲ့ သိမ်ကျောင်း အတွက် အလှူလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: ဂွမ်းပုံလေး

 

ဂွမ်းပုံလေးနဲ့ ခင်ပွန်းက က သန်လျှင်မှာ ''စိန်ဂေါ်လီမ ယောကျ်ား'' ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေရင်းနဲ့ ပီတိဖြစ်စရာကောင်းတဲ့ အလှူအတန်း လေး လုပ်ခဲ့တာကို တွေ့ရပါတယ်။ သန်လျှင်မြို့နယ် ရွာဦးအရှေ့ကျောင်းတိုက်မှာရှိတဲ့ သိမ်ကျောင်းအတွက် အလှူလုပ်ခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။

'' သံလျှင်"ရွာဦးအရှေ့ကျောင်းတိုက်.ငါးဗြေမကျေးရွာ"မှာရုပ်ရှင်ရိုက်ရင်းသိမ်ကျောင်းတော် ဆောက်နေသည့် ဆရာတော်အား မိမိတတ်နိုင် သလောက်လေး။ သိမ်ကျောင်းအတွက်လှူဒါန်းခဲ့ပါသည်။ (ကုသိုလ်တော်.မျှဝေပါတယ်.ထပ်တူရရှိကြပါစေနော်)'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီက  သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: ဂွမ်းပုံလေး

မွေးနေ့မတိုင်ခင် အလှူအတန်းတွေ ဆက်တိုက်လုပ်နေတဲ့ ဂွမ်းပုံလေး 

တက္ကသိုလ်ဂွမ်းပုံဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ် တိုင်းကို ပီပြင်အောင် အကောင်းဆုံးကြိုးစားတတ်တဲ့ တက္ကသိုလ်ဂွမ်းပုံက ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ''ဤအရာကို အချစ်ဟုခေါ်သလား'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo: ဂွမ်းပုံလေး

 

သူ့အနေနဲ့ ၂၀၁၇ ခုနှစ်က စပြီး နားရက်မရှိအောင်ကို ဇာတ်ကားတွေရိုက်နေရတာပါ။ သူ့အနေနဲ့ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေ ရသလို အလှူအတန်းတွေ လုပ်တဲ့နေရာမှာလည်း လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်ကို အများကြီး ပိုင် ဆိုင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo: ဂွမ်းပုံလေး

 

ဂွမ်းပုံလေးရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူဖြစ်ပါတာ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က