သူကိုယ်တိုင်တောင် ကြိုးစားနေရသူပါ။

စိုင်းစိုင်းဟာ သူကိုယ်တိုင်တောင် ဘဝနဲ့ ဆန္ဒ ထပ်တူကျနိုင်ဖို့အတွက်  ကြိုးစားနေရတုန်းပဲလို့ ဆိုပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ် ပေါင်းများစွာ ကို ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။



Photo: စိုင်းစိုင်းခမ်းလှိုင်

 

စိုင်းစိုင်းခမ်းလှိုင်က အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာရော၊ ဂီတအပိုင်းမှာပါ အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေကိုအမြဲခံရတဲ့သူတစ်ယောက်ပါ။ ဒီ့အတွက်ကြောင့်လည်း ပရိသတ်တိုင်းရဲ့ ဆန္ဒနဲ့ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကို အခုလိုရင်ဖွင့်ပြောပြလာပါတယ်။

'' ကျွန်တော်လည်း အများနည်းတူကိုယ့်ဘဝနဲ့ ဆန္ဒထပ်တူကျဖို့ ကြိုးစားနေတဲ့ကောင်ပါပဲ။ ဘဝဆိုတာ ကိုယ့်ဆန္ဒအတိုင်းတောင် ဖြစ်လာဖို့ မ လွယ်ကူတာ ခင်ဗျားတို့ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော့်ဘဝ ထပ်တူမကျတဲ့အခါမှာလည်း နားလည်ခွင့်လွှတ်စေချင်ပါတယ်'' ဆိုပြီးတော့ ဒီဇင် ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေကို ခေါင်းစားအောင် လုပ်လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင် 

စိုင်းစိုင်းရဲ့ Facebook Page မှာတော့ အားပေးသူ ပရိသတ်ပေါင်း ၈ သန်းကျော် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်

 

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ တရားဝင် Facebook Page ကတော့ ဇွန်လ ၁၆ ရက်နေ့ ညမှာပဲ Follower ၈ သန်းပြည့်သွားခဲ့တာဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက် လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်

 

စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့ညက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပ ပြု လုပ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ အဆိုတော် မို့မို့ ၊ ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကို သအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံတို့က ပါဝင်သီဆိုပေးခဲ့ကြတယ် လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က