မိဘတွေနဲ့ ကုသိုလ်ယူခဲ့သူပါ။

နိုင်းနိုင်းက သူ့ရဲ့ အသက် ၄၀ ပြည့်မွေးနေ့မှာ မိဘ၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ် လို့ဆို ပါတယ်။အနုပညာ အလုပ်တွေလုပ်နေရတာဖြစ်တဲ့အတွက် အမေရိကမှာရှိတဲ့ မိသားစုကို လွမ်းတဲ့အကြောင်းတွေ ပြောပြခဲ့ပါ တယ်။

Photo: နိုင်းနိုင်း

 

သရုပ်ဆောင်နိုင်းနိုင်းက ဒီဇင်ဘာလ ၂ ရက်နေ့က ကျရောက်ခဲ့တဲ့ အသက် ၄၀ ပြည့်မွေးနေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ မိဘတွေနဲ့အတူ ကုသိုလ် ကောင်းမှုတွေလုပ်ခဲ့ပါတယ်။ သူ့ရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ဖခင်ဖြစ်သူကိုလည်း သင်္ကန်းစီးပေးခဲ့တယ်ဆိုတာကို အခုလို ပြောပြထား ပါတယ်။

'' လူ့လောကကို ခေါ်ဆောင်လာပေးသော မိနှင့်ဖ မွေးနေ့အမှတ်တရ ကုသိုလ်ကောင်းမှု ကို နောင်မွေးနေ့ပေါင်းများစွာ အတူ ကောင်းမှုပြု ရပါစေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂  ရက်နေ့ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မိသားစု အမှတ် တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: နိုင်းနိုင်း

 

ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတဲ့ နိုင်းနိုင်းက သားသမီးလေးတွေနဲ့ ချစ်ဇနီးလေးကို လွမ်းတဲ့အကြောင်းတွေကို မကြာခဏ ရင်ဖွင့်လေ့ရှိ ပါတယ်။ သားသမီးလေးတွေကလည်း ဖေဖေ နိုင်းနိုင်းကို မျှော်နေကြတာကို သိတယ်လို့ ဆိုပါတယ်။

''ကျွန်တော်နှင့် ကျွန်တော့်ကိုယ်ပွား ဥကလေးများ မျှော်နေကြသည်။ Daddy မကြာမှီ လာမည်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲက အလွမ်းသယ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် သားသမီးလေး တွေ ရိုက်ထားတဲ့ ချစ်စရာဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

ဇနီးသည်အတွက် ဂုဏ်ယူမိတယ်ဆိုတဲ့ နိုင်းနိုင်း 

Photo: နိုင်းနိုင်း

 

နိုင်းနိုင်းက မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆောင်ရွက်နေတာဖြစ်သလို အမေရိက နိုင်ငံ New York မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း အချိန်ရရင် ရသလို သွား ရောက်နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ကြည်နူးမှုတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။

Photo: နိုင်းနိုင်း

 

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှု တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက် ရှိပါတယ်။

Share

Loading Next Article...
က္က