F4 ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးလေး ဂင်ဂျန်ဒီပါ။

F4 (Boys Over Flower) ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဂင်ဂျန်ဒီ မင်းသမီးလေးချောလေးက မကြာခင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။



 

ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုချိန်ထိ မမေ့နိုင်တဲ့ ကိုရီးယားဇာတ်ကားတစ်ကားရှိပါတယ်။ F4လို့ ပရိသတ်တွေ ခေါ်နေကြတဲ့ "Boys Over Flower" ဇာတ်ကားပါ။ အဲ့ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသမီးချောလေး ဂင်ဂျန်ဒီက မကြာခင်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။

ဂင်ဂျန်ဒီလို့ မြန်မာနိုင်ငံက ပရိသတ်တွေသိကြတဲ့ F4 (Boys Over Flower) မင်းသမီးချောလေး ဂူဟဲဆောန်က ကိုရီးယား-မြန်မာရုပ်ရှင်ပွဲ တော်အတွက် မြန်မာနိုင်ငံကို လာမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ရုပ်ရှင်ပွဲတော်The 1st Korea-Myanmar Film Festival  ကို တက်ရောက်မယ့် မင်းသမီး ဂူဟဲဆောန်က မြန်မာပရိသတ်တွေနဲ့ တွေ့ဖို့ အရမ်းကို စိတ်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။

"ပထမဦးဆုံး အကြိမ် ကျင်းပတဲ့ ကိုရီးယား မြန်မာရုပ်ရှင်ပွဲတော်ကို စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်။ဒီတစ်ခေါက် ရုပ်ရှင်ပွဲတော်က တစ်ဆင့် ကိုရီးယားနဲ့ မြန်မာရုပ်ရှင် ယဉ်ကျေးမှု ဖလှယ်ခြင်းတွေ ချောချောမွေ့မွေ့ဖြစ်ဖို့ မျှော်လင့်ပါတယ်။ (၁၂)လပိုင်း (၁၄) ရက်နေ့ ပထမဆုံးအ ကြိမ် ကိုရီးယားမြန်မာရုပ်ရှင်ပွဲတော်ကို အများကြီး တက်ရောက်အားပေးကြပါ။ ကျွန်မလည်း မြန်မာက ပရိသတ်ကြီးနဲ့ မြန်မာရောက် ကိုရီးယားပရိသတ်ကြီးတွေနဲ့ တွေ့ဆုံရမှာကိုလည်းအရမ်းစိတ်လှုပ်ရှားမိပါတယ်"လို့ RAU Entertainment က တစ်ဆင့်ပရိသတ်တွေအတွက် ပြောထားပါတယ်။

 

RAU Entertainment က စီစဉ်ပြုလုပ်တဲ့ ပထမဆုံးအကြိမ် ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော် The 1st Korea-Myanmar Film Festival ကို ဒီဇင်ဘာ(၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ရန်ကုန်မြို့မှာရှိတဲ့ Waterboom Event Area မှာ ခမ်းနားစွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ယင်းပွဲမှာ ကိုရီးယားအနုပညာရှင်များနဲ့ မြန်မာအနုပညာရှင်များစွာ တက်ရောက်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က