အနားမှာ အသက်ရှည်ရှည်နေပေးပါတဲ့။

အိချောပိုက မိသားစုနဲ့အတူ တောင်ကြီးမြို့ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့ကို လည်း အမှတ်တရ ဆုတောင်းစကားဆိုခဲ့ပါသေးတယ်။



Photo: အိချောပို

 

အိချောပိုက ဆောင်းရာသီရဲ့ အငွေ့အသက်လေးတွေပေါတဲ့ တောင်ကြီးမြို့ကို မိသားစုနဲ့အတူအလည်အပတ် ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ မိခင်မွေးနေ့ဖြစ်တာကြောင့် သူ့ရင်ထဲက ဆန္ဒနဲ့ ထပ်တူ မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

''Happy Birthday မေမေ။ သက်ရှည်ကျန်းမာစွာနဲ့ အမြဲတမ်းအနားမှာနေပေးပါ။ Love you so much'' ပါ ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၇ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ခရီးရောက်နေကြတဲ့ သူတို့ သားအမိ နှစ်ယောက်ရဲ့ အမှတ်တရ ဓာတ်ပုံလေးလည်း တင်ခဲ့ပါသေးတယ်။

Photo: အိချောပို

 

အိချောပိုဟာ သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်ဖြစ်ရုံမကပဲ ဓာတ်ပုံလှလှလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပို့စ်လေး တွေ ပေးတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ပရိသတ်ကို မချေတတ်ကြောင်း၊ အွန်လိုင်းပေါ်က နေတဆင့် စကားတွေ ပြန်ပြောလေ့ရှိပါတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' အိချော မချေတတ်ပါဘူး။ အွန်လိုင်းမှာ ပုံလေးတွေ တင်ဖြစ်တာကလည်း အိချောရဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေ တစ်ခါတစ်လေ ကျတော့လည်း ရှုတင်ရိုက်ကွင်း ပုံလေးတွေ တင်ဖြစ်တာပေါ့နော်။ ပရိသတ်တွေနဲ့ကတော့ Messenger မှာ Group ထဲမှာ Comment တွေမှာ စကားပြောဖြစ်တယ်။အိချောတို့ အနုပညာရှင်တွေရဲ့ ပို့စ်အောက်မှာ Comment တွေ များတယ်၊ အိချောကလည်း အများအားဖြင့် Comment တွေကို ပိတ်ထားလေ့မရှိဘူး'' လို့ သူကဆိုပါတယ်။

Photo: အိချောပို

နှုတ်ခမ်းကို Filler ထိုးထားတယ်ဆိုတဲ့ အိချောပို 

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း မိန်းမကြမ်းကြီးများ ရုပ်ရှင် ဇာတ်ကားကို စီနီယာအနုပညာရှင်ကြီးတွေနဲ့ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: အိချောပို

 

အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူး နေရတာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က