ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မနက် ၈ နာရီ လောက်က မွန်ပြည်နယ် မုတ္တမမြို့မှာ မျိုးဆက်သစ် အဝေးယာဉ်နဲ့ ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသား နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
ပေါင်မြို့နယ် မုတ္တမမြို့ ကူဘိုတာ ထွန်စက်အရောင်းဆိုင်ရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၅၀ အရွယ်အမျိုးသားမှာ လည်ပင်းကွဲ၊ ခေါင်းကွဲ၊ ဦးနှောက်ကြေမွပြီး ဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးသွားခဲ့တယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုအောင်မင်းသူက Duwun ကိုပြောပါတယ်။
“ ဆိုင်ကယ်မောင်းလာတဲ့လူကတော့ သေသွားတယ်။ အဝေးပြေးယာဉ်ပေါ်ကလူတွေက ထိခိုက်ဒဏ်ရာမရှိဘူး။ ယာဉ်တိုက်မှု ဖြစ်ပြီးတော့ အဝေးပြေးယာဉ်မောင်းကတော့ ကားပေါ်မှာပဲရှိနေပါတယ်။မုတ္တမစခန်းက ရဲတွေလည်း လာပါတယ်” လို့ ကိုအောင်မင်းသူက ပြောပါတယ်။
မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ကတော့ သေဆုံးသူ Dead Body ကို မုတ္တမဆေးရုံ ရင်ခွင်ရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုတ္တမနယ်မြေရဲစခန်းက အဝေးပြေးယာဉ်မောင်းနှင်သူကို ဖမ်းဆီးထားပြီး ပုဒ်မ ၃၀၉၊ ယာဉ်ပ (၃၉) နဲ့ အမှုဖွင့်ဆက်လက်စစ်ဆေးနေတယ်လို့ မုတ္တမရဲစခန်းမှ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။