သရုပ်ဆောင် ဝေဠုကျော် နဲ့ အမှတ်တရတွေကို ခိုင်နှင်းဝေက အခုလိုပြောပြလာပါတယ်။ သူတို့ နှစ်ယောက်ဟာ အနုပညာ အလုပ် မှာသာမက ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရော ဆောင်ရွက်နေကြသူတွေဖြစ်ပါတယ်။
Photo: ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေ နဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ဟာ HOPE CHARITY MYANMAR FOUNDATION က ချီးမြှင့်တဲ့ လူမှုအကျိုးပြု ပရဟိတထူးချွန်ဆု ကို အတူတူရရှိခဲ့ပါတယ်။ အနုပညာမောင်နှမတွေလည်းဖြစ်သလို ပရဟိတအကျိုးပြုတွေလုပ်နေကြသူတွေလည်း ဖြစ်ပါတယ်။ အစ်ကိုလို ရင်းနှီးရတဲ့ ဝေဠုကျော်နဲ့ အမှတ်တရတွေကိုလည်း အခုလိုပြောပြလာပါတယ်။
"ဟိုးအရင်က "ဘဦး" ဆိုတဲ့ဇာတ်ကားကိုတူတူရိုက်ရင်း ပရိသတ်တွေအသိအမှတ်ပြု "ဘဦး" ဇာတ်လမ်းတွဲ အပါအဝင် ဇာတ်ကားပေါင်းများစွာ တူတူရိုက်ခဲ့တဲ့ အနုပညာမောင်နှမတွေ အခုကျမလေးစားအားကျရတဲ့ ကျမရဲ့အကို ကိုဝေနဲ့တူတူ ဆုယူရတော့ ဝမ်းသာတယ်။ အမြဲလည်း ရီစရာစရာပြောတတ်တယ်။ တွေ့ရင်လဲအမြဲအားပေးတတ်တယ် ကျေးဇူးတင်ပါတယ်။ ကိုယ့်အကိုနဲ့တွေ့တုန်းလေး သူများရိုက်ပေးတဲ့ပုံ လေးတွေပေါင်းပြီးလိုက်ပါတယ်ရှင်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။
Photo: ခိုင်နှင်းဝေ
HOPE CHARITY MYANMAR FOUNDATION ကြီးကနေ ဦးဆောင်ပြီး လူမှုအကျိုးပြု ပရဟိ လုပ်ငန်းများနှင့် အများပြည်သူ အတွက် ဆောင် ရွက်နေတဲ့ အနုပညာရှင်တွေကို ဒီဇင်ဘာလ ၃ ရက်နေ့က Sky Stars Hotel ကြီးမှာ ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကြီးမှာ ဝေဠုကျော်၊ ခိုင်နှင်းဝေတို့အပြင် ရုပ်ရှင်သရုပ်ဆောင် မိုခမ်း ကလည်း လူမှုအကျိုးပြု ပရဟိတထူးချွန်ဆု ကို ရရှိခဲ့ပါသေးတယ်။
ညောင် (၁၀) ပင် အဓိဌာန်ဝင် ကုသိုလ်ပြုနေတဲ့ ခိုင်နှင်းဝေ
Photo: ခိုင်နှင်းဝေ
ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေး ဖြစ်နေ တယ် လို့ သိရပါတယ်။
Photo: ခိုင်နှင်းဝေ
ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။