ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာ ၃ရက်နေ့ညမှာ ကွယ်လွန်ခဲ့တာပါ။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး အတွက် ချစ်ချစ်ဇော်ဟာ ဝမ်းနည်းပူဆွေးလို့နေပါတယ်။ ဖခင်ကြီးကို ကိုယ်တိုင် ကိုယ်ကျ ပြုစုစောင့် ရှောက်ခဲ့ ရတဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

Photo: ချစ်ချစ်ဇော်

 

သရုပ်ဆောင် ချစ်ချစ်ဇော်က ချစ်ရတဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာဦးခင်ဇော် ကွယ်လွန်သွားတဲ့အတွက် သမီးကြီးတစ်ယောက်အနေနဲ့ ဝမ်းနည်း ပူဆွေးလို့နေပါတယ်။ သူမဟာ အနုပညာအလုပ်တွေ ရပ်နားပြီး ဖခင်ကြီးကို စောင့်ရှောက်နေတာဖြစ်ပါတယ်။

''စိတ်ဖြောင့်ဖြောင့်သွားပါတော့အဖေ။ သမီးတဏှာမကြီးတော့ပါဘူး။ အဖေအထွက်ခက်အောင် သမီးအရမ်းမငိုတော့ပါဘူး။ အဖေ့ကိုပူလောင် တဲ့လောကကြီးထဲမှာမနေခိုင်းရက်တော့ပါဘူး။ အဖေပေးခဲ့တဲ့ ကုသိုလ်တွေ သမီးဒီ့ထက်မယူရက်တော့ပါဘူး။ အားလုံးကို အားလုံးကို စိတ်ချ လက်ချ ဖြုတ်ပြစ်ခဲ့ပါ အဖေ'' လို့ ဆိုပါတယ်။

Photo: ချစ်ချစ်ဇော်

 

ဒါရိုက်တာ ဦးခင်ဇော်ရဲ့ သားသမီးတွေထဲမှာမှ မိန်းကလေး နှစ်ယောက်က ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော် တို့ပဲဖြစ်ပါတယ်။ ဒီအတွက် သမီးကြီး တစ်ယောက်ဖြစ်တာကြောင့်လည်း မိသားစုကို စောင့်ရှောက်သွားမယ်လို့ ချစ်ချစ်ဇော်က ပြောပြထားပါသေးတယ်။

''အဖေ့ကိုယ်စား သမီးကြီးအားလုံးကိုစောင့်ရှောက်ပါ့မယ်။ အဖေစိတ်ဖြောင့်ပါ။  အဖေ သွားရမယ့် လမ်းကိုဖြောင့်ဖြောင့်သွားပါ။ အဖေ့ အတွက် ပြုသမျှကုသိုလ်အစုစုရဲ့အဖို့ဘာဂကို အမျှအတန်းပေးဝေပါတယ်။ ရောက်ရာ ဘဝ ဘုံဌာနက သာဓုခေါ်ပါအဖေရေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၅ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

Photo: ချစ်ချစ်ဇော်

 

ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော် တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာလ ၃ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း မိသားစုဝင်တွေသာမက အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်းတွေကလည်း ထပ်တူ ဝမ်းနည်းခဲ့ကြတာကို တွေ့ရပါတယ်။

Photo: ချစ်ချစ်ဇော်

 

လက်ရှိမှာတော့ ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း  မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖခင်ကြီးရဲ့ ကျန်းမာရေး အခြေအနေကို သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့က အနီးကပ် စောင့်ရှောက်ပေးနေကြတာပါ။

Share

Loading Next Article...
က္က