အခုချိန်ထိ အနှိမ်ခံနေရတုန်းတဲ့။

နိုင်းဝမ်း၊ D ဖြိုး၊ Waiလျှံ၊ Okka တို့နဲ့ သီချင်းဆိုဖို့အတွက် ယုန်လေးကို လာငှားခဲ့ပြီး အခြားအနုပညာရှင်တွေကို အနုပညာ ကြေးပေးဖို့ စီစဉ်ထားပေမယ့် သူ့ကိုတော့ ဒီတိုင်းဆိုပေးဖို့ ပြောခဲ့တယ်တဲ့။ သူ့ကို အဲ့လိုပြောခဲ့ပေမယ့်လည်း ပွဲရှင်ကို ဒေါသမဖြစ်မိပဲ ကိုယ့်ကိုကိုယ်သာ သိမ်ငယ်သွားသလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။



Photo : ယုန်လေး FB

 

အဆိုတော် ယုန်လေးတစ်ယောက် ပွဲရှင်တစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့် ကိုယ့်ကိုကိုယ် သိမ်ငယ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အခုချိန်ထိ အနှိမ်ခံဘဝက မလွတ်သေးပါလားဆိုပြီး ကိုုယ့်ကိုကိုယ် တွေးမိတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ယုန်လေးကို နိုင်းဝမ်း၊ D ဖြိုး၊ Waiလျှံ၊ Okka တို့နဲ့ သီချင်းဆိုဖို့အတွက် ပွဲတစ်ပွဲ လာငှားခဲ့ပေမယ့် အခြားသော အနုပညာရှင်တွေ အနုပညာ ကြေးပေးဖို့ စီစဉ်ထားပြီး သူ့ကိုတော့ Budget မရှိတော့တဲ့အတွက် ဒီတိုင်း ဆိုပေးဖို့ ပြောခဲ့တယ်ဆိုပြီး ယုန်လေး ဖြစ်စဉ်ကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောခဲ့ပါတယ်။

Photo : ယုန်လေး FB

 

"ကိုယုန်လေး အပြင်ဘယ်သူတွေရှိဦးမလဲပေါ့။လက်တလောအားတာ သူငယ်ချင်းတွေ Nine One၊D Phyo၊  Wai Hlian၊ Okka . ပေါ့ အနုပညာကြေး မေးပြီး သူတို့ပေးဖို့အဆင်ပြေပါတယ်ပေါ့ ပျော်ပျော်ပါးပါးသွားဆိုကျမယ်ပေါ့ .ကျန်တဲ့ ၄ယောက်ကိုတော့ အဆင်ပြေတယ် . ကိုယုန်လေးတော့ ဒီတိုင်းမေတ္တာနဲ့ လိုက်ဆိုပါတဲ့ . Budget မရှိတော့လို့ပါတဲ့ .ကိုယုန်လေးကို လူလဲသိတာပေါ့တဲ့ .ဒေါသမဖြစ်ဘူး။ကိုယ်ဟာ ကိုသိမ်ငယ်သွားတယ်။ငါဒီ အချိန်ထိ လူအထင်သေးခံနေရတုန်းပဲ ဒါမှမဟုတ် သဘောအရမ်းကောင်းလို့လား လုပ်လို့ရရင် လူ့လောကမှာ လုပ်တက်ကျတယ်လေကိုယ့်ဟာကို နာမည်ကြီးတယ်မပြောပါဘူး . သီချင်းဘက်မှာလဲတည်ဆောက် သင့်သလောက်တည်ဆောက်ပြီးပါပြီ " ဆိုပြီး ဒီဇင်ဘာ(၅) ရက်နေ့က ရေးသားထားတာပါ။

Photo : ယုန်လေး FB

မြင့်မြတ်ရဲ့ သူငယ်ချင်းကောင်းပီသမှုတွေကို ပြောလာတဲ့ ယုန်လေး 

ဘာဖြစ်လို့ သူ့ကို အခုချိန်ထိ အနှိမ်ခံဆက်ဆံနေသေးတာလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။

"ဘာဖြစ်လို့ ဒီလိုတွေအနှိမ်ခံဆက်ဆံခံနေရသေးတာလဲ .ကျွန်တော့ရဲ့ ညီအစ်ကိုတွေကလည်း ချစ်ဖို့ကောင်း ညီချက် . သူတို့လည်း ဘယ်လောက်ရရ မသွားဘူးတဲ့ ပွဲပျက်သွားပါတယ်။ဘာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရာ ကိုယ့်အလုပ်ကိုရှေ့ဆက်နေမှာပဲ ." ဆိုပြီး ယုန်လေးက ဆက်လက်ရေးသားထားပါသေးတယ်။ဒီလထဲမှာလည်း သီချင်းလေးတွေ ပြန်တင်ဖို့ စီစဉ်ထားပြီး သီချင်းသစ်တွေလာရင်လည်း ပရိသတ်တွေ အားပေးကြပါဦးလို့ ပြောထားပါတယ်။

Photo : ယုန်လေး FB

 

ယုန်လေး ရိုက်ကူးခဲ့တဲ့ Original Gangster ရုပ်ရှင်ဇာတ်ကားကြီး၊ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းတွေကို ဖန်တီးတတ်တဲ့ ယုန်လေးကတော့ နောက်ထပ် ဘယ်လို ဇာတ်ကောင်းတွေ ပြင်ဆင်သွားမလဲဆိုတာကတော့ မကြာခင် သိရတော့မှာပါ။

သူဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆောင်ရွက်နေသလို ပရဟိတအလှူဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက်နေ သူဖြစ်ပါ တယ်။ လက်ရှိမှာလည်း အနုပညာနဲ့ပတ် သက်တဲ့ အလုပ်တွေ အများကြီးဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Photo : ယုန်လေး FB

 

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က