ရေထဲမှာ ရိုက်ကူးရေးတွေ လုပ်နေရပါတယ်တဲ့။

မင်းရာဇာက အခုလက်ရှိမှာ ''၁၁၀နာရီ'' ဆိုတဲ့ ဇာတ်ကားလေး ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားက သူအရမ်း ကြောက်တဲ့ ရေထဲမှာပဲ အများဆုံးရိုက်ကူး ရတာကြောင့် အသက်နဲ့ ရင်းပြီးရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

မင်းရာဇာက သူအရမ်းကြောက်ရတဲ့ ရေထဲမှာ ဇာတ်ကားရိုက်နေရတဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် လူစားမထိုးပဲ စွန့်စွန့်စားစား ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

'' ကျွန်တော် ရေအရမ်းကြောက်တယ် ဒါပေမယ့် လူစားမထိုးဘူး ပေါကားလို့တော့မပြောပါနဲ့ ကျွန်တော့်အသက်နဲ့ ရင်းထားရတာပါဗျာ။ အားလုံး ကို လေးစားပါတယ် တပ်ကြပ်ကြီးအောင်မိုး'' ဆိုပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ ပါတယ်။ အဲ့ဒီနောက် ရိုက်ကွင်းပေါ်က အမှတ်တရတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

မင်းရာဇာက လက်ရှိမှာ ''၁၁၀ နာရီ'' ဆိုတဲ့ ဇာတ်ကားရိုက်ကူးရေး လုပ်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် မင်းရာဇာ နဲ့ အတူ နေမျိုးအောင်၊ ရဲအောင်၊ မေသဉ္ဇာဦး တို့က ပါဝင်သရုပ်ဆောင်နေကြတာပါ။ ရိုက်ကူးရေးကိုလည်း တနသာၤရီ တိုင်းအတွင်းက မြိတ် ကျွန်းစု မှာ သွားရောက် ရိုက်ကူးနေကြတာဖြစ်ပါတယ်။

Photo: မင်းရာဇာဖေ့စ်ဘွတ်

နောက်ထပ် မိသားစုဝင်အသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်တဲ့ မင်းရာဇာ 

အက်ရှင်ဇာတ်ကားတွေ နဲ့ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က