ယုန်လေးကတော့ အပေါင်းအသင်းတွေနဲ့ အရက်ဘီယာဆိုင် ထိုင်ရင်တောင် မသောက်စားမိအောင် နေတော့မယ်လို့ ဆုံးဖြတ် ချက် ချလိုက်တဲ့ အကြောင်း ပြောပြလာပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား ကောင်းတွေ ဖန်တီးနေတာ ကို တွေ့ရပါတယ်။
Photo: ယုန်လေး
ယုန်လေး တစ်ယောက် အရက်ဘီယာတွေလည်း မသောက်မိအောင် ရှောင်တော့မယ်လို့ ဆိုလာပါတယ်။ သူ့အနေနဲ့ အရက်ဘီယာထက် အားကစားကို ပိုပြီး လုပ်တော့မယ်လို့ ပြောပြထားပါတယ်။ သူ့အနေနဲ့ ဇာတ်ကားကောင်းတွေ ဖန်တီးနိုင်အောင် ကြိုးစားသွား မယ့်အကြောင်း တွေ ရင်ဖွင့်ပြောပြလာပါတယ်။
''အားကစား သမားပဲလုပ်တော့မယ်။ အရက်သမား မလုပ်တော့ဘူး ။ ကိုယ်ချစ်တဲ့ ညီအစ်ကိုမောင်နှစ်မတွေနဲ့ဆို ပိုသောက်ချင်တယ်။ အရက် အရသာစွဲမှာ ကြိုက်တက်မှာစိုးလို့ အရသာမခံံပဲ အမြဲ ကမ်းပေ့ ကမ်းပေ့ ပဲ အိပ်ရေးလည်း တောက်လျောက်ပျက်ဘောလုံးလည်း ကန်လာပြီး ထိုင်တော့စွတ်ဆက်ရောက် '' လို့ ဆိုပါတယ်။
Photo: ယုန်လေး
ယုန်လေးက မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ အတူ အရက်ဘီယာဆိုင် ထိုင်ရင်တောင် မသောက်မိအောင် နေမယ်လို့ပြောပါတယ်။ သူကိုယ် တိုင်ကလည်း လက်ရှိမှာ အနုပညာအလုပ်တွေအပေါ် သေချာ ဂရုတစိုက် လုပ်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါတယ်။
''တော်ပြီ အရက်ဆိုတာကြီးကို မသောက်တော့ဘူး။ ရသလောက်ထိန်းပြီ။ ညီအစ်ကိုတွေ ဝိုင်းတွေမှာ မသောက်ပဲ လိုက်ထိုင် စကားပြော တတ်အောင် ရအောင်Try မယ် '' ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။
ပွဲရှင်ရဲ့ စကားတစ်ခွန်းကြောင့် သိမ်ငယ်သွားခဲ့ရတဲ့ ယုန်လေး
Photo: ယုန်လေး
ယုန်လေး ရိုက်ကူးခဲ့တဲ့ Original Gangster ရုပ်ရှင်ဇာတ်ကားကြီး၊ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းတွေကို ဖန်တီးတတ်တဲ့ ယုန်လေးကတော့ နောက်ထပ် ဘယ်လို ဇာတ်ကောင်းတွေ ပြင်ဆင်သွားမလဲဆိုတာကတော့ မကြာခင် သိရတော့မှာပါ။
Photo: ယုန်လေး
ယုန်လေးက သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။