ထမံသီသဘာဝထိန်းသိမ်းရေးနယ်မြေမှာ လာမယ့်နှစ်တွေမှာ အင်းကျားအကောင်ရေလွှမ်းခြုံမှု ၁၀၀ ရာခိုင်နှုန်းအပြည့် လွှမ်းခြုံနိုင်အောင်လုပ်ဆောင်မယ်လို့ ထမံသီသုတေသနစင်တာဖွင့့်ပွဲမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားခဲ့ပါတယ်။
photo-WCS Myanmar
အင်းကျားသုတေသနလုပ်ငန်းကို အောက်စဖို့တက္ကသိုလ်က တောရိုင်းတိရစ္ဆာန် သုတေသနယူနစ်နဲ့ ပူးပေါင်းပြီးတော့ အင်းကျားသုတေသနလုပ်ငန်းကို လုပ်ဆောင်မှာဖြစ်ပြီးတော့ ကင်မရာထောင်ချောက်တွေကိုအသုံးပြုပြီးတော့ အင်းကျားတွေရဲ့အရေအတွက်ကို လေ့လာတာ၊အင်းကျားတွေအမူအကျင့်ကို လေ့လာတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အင်းကျားတွေက ၁၀၀ဘစတုရန်းကီလိုမီတာမှာ ၃-၄ ကောင်နှုန်းနဲ့ တွေ့နေရတာဖြစ်ပြီးတော့ ဒီအရေအတွက်က ဘေးမဲ့တောရဲ့ ၆၀ ရာခိုင်နှုန်းလွှမ်းခြုံတာဖြစ်ပြီးတော့ နောင်နှစ်တွေမှာ ရာနှုန်းပြည့်ဖြစ်အာင် လုပ်ဆောင်မယ်လို့ပြောကြားခဲ့တာပါ။
“ ဒါဟာ ဘေးမဲ့တောရဲ့ ၆၀ ရာခိုင်နှုန်းကို လွှမ်းခြုံတာ ဖြစ်တဲ့အတွက် နောက်လာမယ့် နှစ်များမှာလည်း ၁၀၀ ရာခိုင်နှုန်းဖြစ်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ သင်တန်းများကိုလည်း ပို့ချသွားဖိုု့ ရှိပါတယ်” လို့ သူကဖွင့့်ပွဲမှာပြောကြားခဲ့တာပါ။
ဒါ့အပြင် မျောက်လွှဲကျော်ကို အော်သံကိုနားထောင်ပြီးတော့ အကောင်ရေတွက်ချက်မှုကို ဆောင်ရွက်နေတာဖြစ်ပြီးတော့ သင်တန်းတွေကိုလည်းပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် SMART စနစ်ကိုအသုံးပြုပြီးတော့ ဥပဒေစိုးမိုးရေးနဲ့ ကင်းလှည့်တာကိုဆောင်ရွက်မှာ ဖြစ်ပြီးတော့ အစီအစဉ်တွေရေးဆွဲတာနဲ့ အစီရင်ခံစာတွေတင်ပြတဲ့လုပ်ငန်းတွေနဲ့ ပါတ်သတ်ပြီးတော့လည်း သင်တန်းတွေပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။