ကိုရီးယားနိုင်ငံကိုစရိတ်ငြိမ်းသွားရောက်လည်ပတ်နိုင်မယ့် ကံစမ်းမဲအစီအစဉ်ရှိတယ်
 

ကိုရီးယားအစားအစာတွေကိုနှစ်သက်ပြီးအိမ်မှာကိုယ်တိုင်ချက်ပြုတ်စားချင်တဲ့သူတွေအတွက် အထူးပရိုမိုးရှင်းတစ်ခု အကြောင်းပြောပြမယ်နော်။



အဲဒါကတော့ City Mart Supermarket နဲ့ aT Center တို့ပူးပေါင်းစီစဉ်တဲ့ Discover Korea Food Festival 2018 ပါပဲ။

Discover Korea Food Festival 2018 မှာဆိုရင် ကိုရီးယားအစားအစာအမျိုးအစားအစုံအလင်ကို ရောင်းချပေးသွားမယ့် အပြင် ကျပ် ၂၅၀၀၀ နဲ့အထက်ဝယ်ယူပါက ကိုရီးယားနိုင်ငံကိုစရိတ်ငြိမ်းသွားရောက်လည်ပတ်နိုင်မယ့် ကံစမ်းမဲအစီအစဉ်ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။

Discover Korea Food Festival 2018 ကို City Mart Supermarket နှင့် Ocean Supercenter ဆိုင်ခွဲတိုင်းမှာ နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ၊ marketplace by City Mart ဆိုင်ခွဲများအားလုံးတွင် ဒီဇင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ ကျင်းပသွားမှာပါ။

ကိုးရီးယားအစားအစာမှာ မပါမဖြစ် ဂင်မ်ချီအရသာအမျိုးမျိုးနဲ့ကိုးရီးယားဟင်းအနှစ်အမယ် ပစ္စည်းတွေ၊ ကိုးရီးယားအသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေ၊ ရေညှိပြားတွေ၊ ဂျင်ဆင်းနဲ့ပြုလုပ်ထားတဲ့ မုန့်သကြားလုံးတွေကို ပရိုမိုးရှင်းကာလအတွင်း အထူးဈေးနှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်လို့  ကိုရီးယားအစားအစာချစ်သူတွေ လက်မလွှတ်သင့်တဲ့အခွင့်အရေးတစ်ခုပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က