နှစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ သရေနဲ့ အဆုံးသတ်ရလို့ပါ။

မနေ့ညက ကစားခဲ့တဲ့ အီတလီစီးရီးအေပြိုင်ပွဲမှာ ကယ်ဂလီယာရီအသင်း နဲ့ ရိုးမားအသင်းတို့ တစ်ဖက်နှစ်ဂိုးစီ သရေပွဲ ဖြစ်သွားခဲ့ပါတယ်။ အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် ရိုးမားအသင်းဟာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရဖို့အတွက် အခွင့်အလမ်းကောင်းနေခဲ့ပါတယ်။



Photo : Goal.com

 

ဒါပေမယ့်လည်း လက်ကျန် (၆)မိနစ်အတွင်းမှာ ချေပဂိုးတွေ ပေးခဲ့ရပြီးနောက် ရူးမတတ်ဖြစ်ခဲ့ရတယ်လို့ ရိုးမားနည်းပြ ဒီဖရန်ဆက်စကိုက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ပွဲကစားချိန် ၁၄ မိနစ်မှာ ဘရိုင်ယန်ခရစ်စတန်တီ နဲ့ (၄၁)မိနစ်မှာ ကိုလာရော့ဗ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ရိုးမားက ဦးဆောင်နေခဲ့တာပါ။

ကယ်ဂလီယာရီအသင်းအတွက် ချေပဂိုးကို ပွဲကစားချိန် (၈၄)မိနစ်မှာ အာသာအိုင်အွန်နီတာက တစ်ဂိုးပြန်သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ကယ်ကလဂိယာရီအသင်းက ဆာနာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း မိနစ် (၉၀)မှာ မာဆိုဆောက နောက်ထပ်ချေပဂိုးသွင်းယူပေးခဲ့လို့ ကယ်ဂလီယာရီအသင်း အဖိုးတန်သရေတစ်မှတ် ရရှိသွားခဲ့ပါတယ်။

မိနစ် (၉၀)မှာ ကယ်ဂလီယာရီအသင်းကပဲ ကက်ပီတယ်လီ အနီကတ်နဲ့ ထပ်မံအထုတ်ခံခဲ့ရပြီး ရိုးမားအသင်းဟာလည်း အနိုင်ဂိုးတွေကို မထိန်းသိမ်းနိုင်ခဲ့လို့ နိုင်ပွဲလက်လွှတ်ခဲ့ရပါတယ်။ Calciomercato သတင်းဌာနက ဒီဖရန်ဆက်စကိုရဲ့ ပြောကြားခဲ့မှုကို အခုလိုဖော်ပြသွားခဲ့ပါတယ်။

Photo : ESPN



"ကျွန်တော်တို့ ပွဲကစားချိန် (၇၀)လောက်ကတည်းက ပွဲကိုအဆုံးသတ်နိုင်ခဲ့ရမှာပါ၊ ကျွန်တော့်ကစားသမားတွေ ကြိုးစားခဲ့ပေမယ့်လည်း သူတို့က ပွဲကို အပြီးမသတ်နိုင်ခဲ့ပါဘူး၊ ဒါက နည်းစနစ်အမှားလားဆိုတော့လည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဘယ်လိုနည်းစနစ်အမှားကိုမှ မကျူးလွန်ခဲ့ကြပါဘူး"

"အသင်းမှာ အတွေ့အကြုံရှိ ကစားသမား အများအပြား ကွင်းအတွင်းမှာ ရှိနေခဲ့ပြီးတော့ ကျွန်တော်တို့ အမှားတချို့ ပြုလုပ်ခဲ့ပါတယ်၊ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း အာရုံမစိုက်နိုင်ခဲ့ကြပါဘူး၊ ဒါက စီးရီးအေမှာ နိုင်ပွဲရဖို့ မလွယ်ဘူးဆိုတာကို ပြသသွားခဲ့တာပါ၊ ၁၁ယောက်၊ ၉ ယောက်ကစားခဲ့ရပြီး သရေနဲ့သာ ပြီးခဲ့ရပါတယ်"

"ကျွန်တော့်အသင်းမှာ ကစားသမား ရွေးချယ်စရာ အများကြီးတော့ မရှိဘူး၊ ဒီရော့ဆီက တစ်လခွဲလောက် နားရဦးမှာပါ၊ ဒီလိုသရေဖြစ်ခဲ့တဲ့အတွက် ဘယ်လိုဆင်ခြေမျိုးမှ မပေးချင်ပါဘူး၊ အကောင်းဆုံးကစားနိုင်ခဲ့တာပါ၊ ဒါပေမယ့်လည်း အခုလိုသရေပွဲ ဖြစ်ခဲ့တဲအတွက် ကျွန်တော် ရူးသွပ်သွားသလိုပါပဲ" လို့ ဒီဖရန်ဆက်စကိုက ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က